စစ်ကိုင်းတိုင်းဒေသကြီး

ကသာမြို့ ပညာတံခွန်ကိုယ်ပိုင် အထက်တန်း‌ကျောင်းတွင် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးကြပ်၍ ဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ကသာမြို့ ပညာတံခွန်ကိုယ်ပိုင်အထက်တန်း‌ကျောင်း ယာယီခန်းမတွင် နိုဝင်ဘာလ (၂၆) ရက်နေ့‌ နံနက်(၁၀)နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ကန့်ဘလူမြို့၌ သတင်းရေးသားနည်းသင်တန်း အမှတ်စဥ်( ၄/၂၀၂၅)ဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားရေးနှင့် သတင်းရေးသားရာတွင် အထောက်အကူပြုစေရန်၊ အရည်အသွေးကောင်းမွန်သော သတင်းများရေးသားနိုင်စေရန် ရည်ရွယ်၍ သတင်းရေးသားနည်းသင်တန်း အမှတ်စဥ်( ၄/၂၀၂၅)ကို နိုဝင်ဘာ ၂၅/ ၂၆ ရက် နှစ်ရက်ကြာ ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။

တမူးမြို့၌ မဲဆန္ဒရှင်စာရင်းများ (ဒုတိယ) အကြိမ် ကြေညာထားရှိမှု ပြည်သူများ လာရောက်ကြည့်ရှုမှု ပိုမိုများပြားလာ

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် မဲဆန္ဒရှင်စာရင်းများ (ဒုတိယ) အကြိမ် ကြေညာမှုကို နိုဝင်ဘာ (၂၁  ရက်မှစတင်၍ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးများ၌ ကြေညာထားရာ ပြည်သူများ လာရောက်ကြည့်ရှုမှု (ပထမ) အကြိမ်ထက် ပိုမိုများပြားလာကြောင်း သိရသည်။

ရေဦးမြို့တွင် မဲရုံပြုလုပ်မည့်နေရာများအား မီးဘေးကြိုတင်ကာကွယ်လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရေဦးမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အပိုင်း (၂) ဖြစ်သည့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်သည့်အတွက် မဲရုံများတွင် မီးဘေးအန္တရာယ်ကင်းရှင်းစေရေး ကြိုတင်ကွင်းဆင်းစစ်ဆေးခြင်းများကို နိုဝင်ဘာ ၂၇ ရက် နံနက် ၉ နာရီက မြို့နယ်မီးသတ်ဦးစီးမှူး ဦးဆာမူအဲလ် ဦးဆောင်ပြီး မီးသတ်တပ်ဖွဲ့ဝင်များက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဟုမ္မလင်းမြို့တွင် သစ်​တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုမြူငွေ့လျှော့ချရေး အသိပညာပေး ဟောပြောပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ် သစ်တောဦးစီးဌာနနှင့်​ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနကျောင်းတို့ပူးပေါင်း၍ ယမန်နေ့ နံနက်(၉)နာရီအချိန်က ဟုမ္မလင်းမြို့ အ.ထ.က (၂) ကျောင်း မဟောဓတာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် ရွှေဘိုအကျဉ်းထောင်မှ  အကျဉ်းသား/သူ (၁၆) ဦး လွှတ်ပေး

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည်  ပြည်သူလူထုတစ်ရပ်လုံးက လိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အောင်မြင်စွာလျှောက်လှမ်းနိုင်ရေးအတွက် အဓိကထားဆောင်ရွက်လျက်ရှိသည့်နှင့်အညီ ပြည်သူလူထုပူးပေါင်းဆောင်ရွက်မှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ဦးတည်ချက်ချမှတ် ဆောင်ရွက်လျက်ရှိပြီး မကြာမီကျင်းပတော့မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင် ပြည်သူအားလုံး ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးနှင့် လွတ်လပ်မျှတစွာ ဆန္ဒမဲပေးနိုင်ရေးအတွက် ပြစ်ဒဏ်လွှတ်ငြိမ်းခွင့်အမိန့်ဖြင့် ရွှေဘိုအကျဉ်းထောင်မှ အကျဉ်းသား (၁၁) ဦးနှင့် အကျဉ်းသူ(၅)ဦးအား ယနေ့နံနက်  (၉)နာရီက လွှတ်ပေးခဲ့ကြောင်း သိရသည်။

ကလေးအကျဥ်းထောင်မှ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ လွတ်ငြိမ်းခွင့်အမိန့်အမှတ် (၁၁/၂၀၂၅) ဖြင့် အကျဉ်းသူ (၅) ဦး လွတ်ငြိမ်းခွင့်ပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် အကျဉ်းဦးစီးဌာန၊ ကလေးအကျဥ်းထောင်မှ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ (၂၇-၁၁-၂၀၂၅) ရက်စွဲပါအမိန့်အမှတ် ( ၁၁/၂၀၂၅ )၊ ကျင့် ၄၀၁/၁ အရ အကျဥ်းသား အမျိုးသမီး (၅) ဦး  လွတ်ငြိမ်းသက်သာခွင့်ပေးသည့်အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါအကျဥ်းဦးစီးဌာန၊ ဇလပ်ဖြူခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျွန်းလှမြို့နယ်၌ ဂေါ်ဖီထုတ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း သီးနှံပေါ်ချိန်ဈေးကောင်းရရှိရေး မျှော်လင့်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၌ ဟင်းသီးဟင်းရွက်သီးနှံမျိုးစုံကို ရာသီအလိုက် စိုက်ပျိုးထုတ်လုပ်ကြရာ ယခုနှစ် ဆောင်းရာသီစိုက်ပျိုးသော ဂေါ်ဖီထုတ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်းရရှိရေးမျှော်လင့်နေကြကြောင်း သိရသည်။

တမူးခရိုင် လူထုအခြေပြုဗဟိုဌာန၌ စာပေချစ်သူများနှင့် စာဖတ်ဝိုင်းပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအ‌ခြေပြုဗဟိုဌာန၌ နိုဝင်ဘာလ (၂၆)ရက်နေ့ ညနေ(၄) နာရီက စာပေချစ်သူများနှင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

၂၀၂၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲတွင်အသုံးပြုမည့် MEVM မဲပေးစက်များအား (၁)လုံးခြင်း စမ်းသပ်စစ်ဆေးခြင်း လုပ်ငန်းဆောင်ရွက်

ကသာမြို့နယ်၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် MEVM မဲပေးစက်များအား(၁)လုံးခြင်း စမ်းသပ်စစ်ဆေးခြင်းလုပ်ငန်းကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က ကသာမြို့ ခမရ (၃၀၉)ခြေမြန်တပ်ရင်း အတွင်းတွင် ပြုလုပ်ခဲ့သည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး