မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မကွေးပညာရေးဒီဂရီ ကောလိပ်ပုံမှန်သင်တန်းများဖွင့်လှစ်ရေးနှင့် ပထမနှစ်ကျောင်းသား/ကျောင်းသူများ၏ မောင်မယ် သစ်လွင်ကြိုဆိုပွဲ အခမ်းအနားသို့ တက်ရောက်
ပညာရေးဝန်ကြီးဌာန ဆရာအတတ်ပညာဦးစီးဌာန မကွေးပညာရေးဒီဂရီကောလိပ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မကွေးပညာရေးဒီဂရီကောလိပ် ပုံမှန်သင်တန်းများဖွင့်လှစ်ရေးနှင့် ပထမနှစ် ကျောင်းသား/ကျောင်းသူများ၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ဒီဇင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်းက မကွေးပညာရေးဒီဂရီကောလိပ် ပညာ့ဗိမာန်ခန်းမ၌ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ အဖွဲ့ဝင်ဝန်ကြီးများနှင့်၎င်းတို့၏ဇနီးများ၊ ဥပဒေချုပ်နှင့် တိုင်း၊ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မကွေးပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီးနှင့် သင်ကြားရေးဆရာ/ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။