အမြို့မြို့အနယ်နယ်သတင်းများ

တာလေမြို့တွင် ၂၀၂၆-၂၀၂၇ပညာသင်နှစ်၊ ကျောင်းအကျိုးဆောင်နှင့် မိဘဆရာအသင်း ရွေးချယ်ဖွဲ့စည်းခြင်းအခမ်းအနားကျင်းပ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာလေမြို့တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ကျောင်းအကျိုးဆောင်နှင့် မိဘဆရာအသင်းရွေးချယ်ဖွဲ့စည်းခြင်းအခမ်းအနားကို ယမန်နေ့ နံက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း(တာလေ)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

သရက်မြို့၌ လျှပ်စစ်အန္တရာယ် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

မကွေးတိုင်းဒေသကြီး သရက်မြို့၌ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ခရိုင်/မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးမှဝန်ထမ်းများက လျှပ်စစ်အန္တရာယ်အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယမန်နေ့နံနက် (၁၀) နာရီက အမှတ် (၁၁) အခြေခံပညာမူလတန်းကျောင်း၌ ဆောင်ရွက်ခဲ့သည်။

မိုင်းယောင်းမြို့၌ အခြေခံစာတတ်မြောက်ရေးသင်ကြားနေမှု ကြည့်ရှုအားပေး

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် ဇွန်လ ၂၃ ရက်နေ့က အခြေခံစာတတ်မြောက်ရေးလုပ်ငန်း သင်ကြားနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

မိုင်းယောင်းမြို့၌ ရက် (၁၀၀) စီမံချက်ဖြင့် မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ် မီးသတ်ဦးစီးဌာနသည် ဇွန်လ ၂၃ ရက်နေ့က ရက် (၁၀၀) စီမံချက်ဖြင့် မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မင်းဘူးမြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ အမှတ် (၁၈) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံးနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး မြို့နယ်အတွင်းရှိ စာသင်ကျောင်းများ၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်း ဆောင်ရွက်ခြင်းကို ဇွန်လ ၂၃ ရက်နေ့ မွန်းလွဲ ၁ နာရီက အခြေခံပညာအထက်တန်းကျောင်း (ခွဲ) မြို့မကျောင်း၌ ကျင်းပသည်။

ရခိုင်ပြည်နယ်ဥပဒေချုပ်ရုံး၌ ဥပဒေအရာရှိများအတွက် ဥပဒေအရာရှိကျင့်ဝတ်ဆိုင်ရာ တွေ့ဆုံမေးမြန်းခြင်းအစီအစဉ်ကျင်းပ

ရခိုင်ပြည်နယ်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသည့် ဥပဒေအရာရှိများအတွက် ဥပဒေအရာရှိကျင့်ဝတ်ဆိုင်ရာ တွေ့ဆုံမေးမြန်းခြင်းအစီအစဉ်ကို ယမန်နေ့နံနက်ပိုင်းက ပြည်နယ်ဥပဒေချုပ်ရုံး တော်ဝင်သဇင်ခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဥပဒေချုပ် ဦးဝင်းမောင်၊ ပြည်နယ်ဥပဒေအရာရှိနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဥပဒေရုံးအဆင့်ဆင့်မှ ဥပဒေအရာရှိများ တက်ရောက်ခဲ့ကြသည်။

တတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး စတုတ္ထနေ့ကျင်းပ

တတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ဇွန်လ ၂၃ ရက်နေ့ နံနက် ၁၀ နာရီက ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ အစည်းအဝေးသို့တက် ရောက်ခွင့်ရှိသူ ၂၃ ဦးအနက် ၂၂ ဦး၊ ရာခိုင်နှုန်းအားဖြင့် ၉၅ ဒဿမ ၆၅ ရာခိုင်နှုန်းတက်ရောက်ကြပြီး ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌဦးစန်းကိုက အစည်းအဝေးစတုတ္ထနေ့ အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်းကြေညာကာ အစည်းအဝေး တက်ရောက်မှု အခြေအနေကို လွှတ်တော်၏ အတည်ပြုချက်ရယူ၍ မှတ်တမ်းတင်သည်။

လယ်ဝေးမြို့နယ်ရုံး၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်(အကြို)ဟောပြောပွဲ၊ပြပွဲနှင့် ပြိုင်ပွဲများကျင်းပ

၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်(အကြို) အသိပညာပေးဟောပြောပွဲ၊ ပြိုင်ပွဲများနှင့် နံရံကပ်စာစောင်ပြပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။

လေရှီးမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးစားမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ဟောပြောပွဲကျင်းပ

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့ အ.ထ.က.ကျောင်းသီတဂူဆောင်ခန်းမ၌ ယနေ့ညနေ (၂) နာရီအချိန်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးစားမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ဟောပြောပွဲကို ကျင်းပခဲ့သည်။

ဟင်္သာတမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ခုနှစ်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ(၁၀၀)ဘီလီယံဖြင့် ဆောင်ရွက်သည့် မိုးစပါးစိုက်ပျိုးထားသည့် တောင်သူများအား သွင်းအားစု ပေးအပ်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမတွင် ဇွန်လ ၂၃ ရက်နေ့ မွန်းလွဲ ၂ နာရီက ၂၀၂၆-၂၀၂၇ ခုနှစ်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ (၁၀၀)ဘီလီယံဖြင့် ဆောင်ရွက်သည့် မြို့နယ်အတွင်းရှိ မိုးစပါးစိုက်ပျိုးထားသည့် တောင်သူများအား သွင်းအားစုပေးအပ်ပွဲအခမ်းအနားကို ကျင်းပခဲ့သည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ