အမြို့မြို့အနယ်နယ်သတင်းများ

ပုံပါကျင်မြို့ (Community Centre)ခန်းမ၌ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှကြီးမှူး၍ ယမန်နေ့နံနက် ၁၀ နာရီက ပုံပြင်‌ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို အဆိုပါရုံးရှိ (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒိုက်ဦးမြို့နယ်အတွင်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအား လှည့်လည်ကြည့်ရှု အားပေး

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် လုံ/နယ်ဝန်ကြီး ဗိုလ်မှူးကြီး ညီလန်းချို၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ရဲမှူးကြီး ကျော်ထွဋ်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ဖေဖော်ဝါရီ ၃ ရက်နေ့ မွန်းလွဲပိုင်းက ဒိုက်ဦးမြို့နယ်၊ ဒိုးတန်းကျေးရွာအုပ်စု၊ ဒိုးတန်းကျေးရွာ၊ တောင်သူ ဦးမောင်စိုးမှ ပဲဒီစိမ်းစိုက်ပျိုးထားရှိမှုအား ကြည့်ရှုအားပေးခဲ့ပြီး   အိမ်ခြေလေးဆယ်ကျေးရွာ မွေးမြူရေးလုပ်ငန်းရှင် ဦးတင်ထွဋ်မြင့်မှ ဒေသန္တရကြက်မွေးမြူထားရှိမှုနှင့် အစာစပ်လုပ်ငန်းများ ဆောင်ရွက်ထားမှုတို့အား ကြည့်ရှုအားပေးခဲ့သည်။

ပေါင်းတည်မြို့၌ နွေစပါးပန်းတိုင်အထွက်နှုန်း ပြည့်မီကျော်လွန်ရေးအတွက် မျိုးစေ့ချကိရိယာများ တွင်ကျယ်စွာ အသုံးပြုစိုက်ပျိုးလာ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ နွေစပါးပန်းတိုင်အထွက်နှုန်း ပြည့်မီကျော်လွန်ရေးအတွက် ယခုနှစ်တွင် တောင်သူများအနေဖြင့် မျိုးစေ့ချကိရိယာ(Drum Seeder)များ တွင်ကျယ်စွာ အသုံးပြုစိုက်ပျိုးလာကြောင်း သိရသည်။

လဲချားမြို့နယ်တွင် ကာကွယ်ဆေးလွှမ်းခြုံမှု အားနည်းသည့်ဒေသများတွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေး ဆွေးနွေး

ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်တွင် ကာကွယ်ဆေးလွှမ်းခြုံမှု အားနည်းသည့်ဒေသများတွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့် လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေး ဆွေးနွေးခြင်းကို ယမန်နေ့ နေ့လယ်က ကျန်းမာရေဌာနခန်းမတွင် ဆောင်ရွက်ခဲ့ပါသည်။

ကံမမြို့နယ်၌ နီပါးရ်ဗိုင်းရပ်စ်ရောဂါအကြောင်း အသိပညာပေးဟောပြောပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အခြေခံပညာအထက်တန်းကျောင်း(ကံမ) မြဝတီခန်းမ၌ ယမန်နေ့ နံနက် (၁၁) နာရီက နီပါးရ်ဗိုင်းရပ်စ်ရောဂါအကြောင်း အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

လင်းခေးမြို့နယ်၌ သဘာဝဘေးကြောင့်ပျက်စီးခဲ့သည့် နှမ်းသီးနှံ (၅၇) ဧကအတွက် အမျိုးသားသဘာဝဘေးရန်ပုံငွေမှ သွင်းအားစု(မြေသြဇာ)နှင့် စိုက်ပျိုးစရိတ်ထောက်ပံ့ပေးအပ်ပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ လင်းခေးမြို့နယ်၌ (၂၀၂၅-၂၀၂၆)ခုနှစ် (၁-၇-၂၀၂၅) ရက်နေ့ထိ သဘာဝဘေးကြောင့် ပျက်စီးခဲ့သည့် နှမ်းသီးနှံ (၅၇)ဧကအတွက် သွင်းအားစု(မြေသြဇာ)နှင့် စိုက်ပျိုးစရိတ်ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဘီးလင်းမြို့နယ်၌ (၁/၂၀၂၆) အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းဖွင့်လှစ်

မွန်ပြည်နယ် ဘီးလင်းမြို့နယ်၌ (၁/၂၀၂၆) အရန်မီးသတ်တပ်ဖွဲဝင်များလေ့ကျင့်ရေး (မွမ်းမံ) သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက ဘီးလင်းမြို့နယ် မီးသတ်ဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

အုတ်တွင်းမြို့နယ်၌ ရေဆင်းပေါ်ဆန်း(၁) မျိုးစေ့ထုတ်စိုက်ပျိုးရန် ပျိုးထောင်ထားရှိမှုအခြေအနေအား တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် အုတ်တွင်းမြို့နယ်၌ ဒေသအတွင်း မျိုးစပါးများ မျိုးကောင်း၊ မျိုးသန့်ရရှိထုတ်လုပ်နိုင်စေရေးအတွက် ဖေဖော်ဝါရီလ ၃ ရက်နေ့ နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေး/ မွေးမြူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအဏ္ဏဝါအောင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ဆန်းဦး၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ရေဆင်းပေါ်ဆန်း(၁)မျိုးစပါးမျိုးစေ့ထုတ်လုပ်စိုက်ပျိုးရန် ပျိုးထောင်ထားရှိမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုအားပေး၍ လိုအပ်သည်များ ဖြည့်ဆည်းညှိနှိုင်းဆောင်ရွက်ခဲ့သည်။

နည်းပညာတက္ကသိုလ် (တောင်ငူ)၌ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၊ ကေတုမတီမြို့သစ်ရှိ နည်းပညာတက္ကသိုလ်(တောင်ငူ)၌ အမှတ် (၁၂) ယာဥ်ထိန်းရဲတပ်ဖွဲ့စု (တောင်ငူ)မှ ကြီးမှူး၍ ယမန်နေ့နံနက်ပိုင်းက ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဆောင်ရွက်ခဲ့သည်။

ကျေးသီးမြို့နယ်၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ်တွင် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က အခြေခံပညာအထက်တန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ