အမြို့မြို့အနယ်နယ်သတင်းများ

သာပေါင်းမြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတတ်မြင့်မားရေးကော်မတီနှင့် တောင်သူများ တွေ့ဆုံ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတတ်မြင့်မားရေးကော်မတီနှင့် အောင်တပ်ကျေးရွာအုပ်စုအတွင်းရှိ တောင်သူများ တွေ့ဆုံပွဲကို ယနေ့ ဇွန်လ ၂၃ ရက်နေ့၊ မွန်းလွဲ ၂ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ကြသည်။

ဒေါပုံမြို့နယ်တွင် ကျောင်းသားလူငယ်များအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ

ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်းများကို အမှတ်(၃၁) ယာဉ်ထိန်းရဲတပ်ဖွဲ့စု(ဒေါပုံ) မှ တာဝန်ရှိသူများက ဇွန်လ ၂၃ ရက်နေ့ နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာနတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မုံရွာမြို့ သူနာပြုသိပ္ပံကျောင်းခန်းမ၌ GENDER ၊ CEDAW ၊ NSPAW ၊ UNSCR 1325 အသိပညာပေးနှင့် လူမှုသဟဇာတ အသိပညာပေးသင်တန်းကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးဆောင်ပြီး မုံရွာမြို့ သူနာပြုသိပ္ပံကျောင်းတွင် GENDER ၊ CEDAW ၊ NSPAW ၊ UNSCR 1325 အသိပညာပေးနှင့်လူမှုသဟဇာတ အသိပညာပေးသင်တန်းကို ယနေ့မွန်းလွဲ  ၁ နာရီက အဆိုပါကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။

ရမည်းသင်းမြို့နယ်၌ မိုးရာသီသစ်ပင်စိုက်ပျိုးရေးပွဲတော် အခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးဆောင်၍ သဘာဝပတ်ဝန်းကျင်စိမ်းလမ်းစိုပြေရေးနှင့် သာယာလှပမှုရရှိစေရေးအတွက် ၂၀၂၆ ခုနှစ်၊ လူထုလုပ်ရှားမှုအသွင်ဖြင့် မိုး ရာသီသစ်ပင်စိုက်ပျိုးရေးပွဲတော် အခမ်းအနားကို ဇွန် ၂၅ နံနက် ၈ နာရီက သီလဝဂေါက်ကွင်းအတွင်း၌ ကျင်းပသည်။

တမူးမြို့၌ ရက် (၁၀၀) စီမံချက်ဖြင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ကွင်းဆင်းဆောင်ရွက်လျက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၌  ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ပထမရက် (၁၀၀) စီမံချက်ကာလအတွင်း  ကျန်းမာရေးအသိပညာမြှင့်တင်ရေးလုပ်ငန်းများ၊ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကော့သောင်းမြို့နယ်၌ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင် ခရိုင်/ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်ပညာရေးမှူးရုံးတို့ ပူးပေါင်းကျင်းပသော ၂၀၂၆ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့နယ်၊ အ‌ခြေခံပညာအထက်တန်းကျောင်းခွဲ၊ အမှတ်(‌၂) အခြေခံပညာအလယ်တန်းကျောင်းတွင် ကျင်းပသည်။

ပြင်ဦးလွင်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်‌ပေးခြင်းနှင့် UID ထုတ်ပေးခြင်းများ ကွင်းဆင်းဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင်လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား၀န်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံတော်အစိုးရ၏ ရက်၁၀၀လမင်းစီမံချက်ဖြင့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းနှင့် UID ထုတ်ပေးခြင်းများကို ယနေ့နံနက်ပိုင်းက ပြင်ဦးလွင်မြို့၊ အမှတ်(၁) အခြေခံ ပညာ အထက်တန်းကျောင်း၌ ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးခဲ့သည်။

ကော့သောင်းမြို့နယ်၌ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင် ဇူလိုင်လ (၃) ရက်နေ့တွင် ကျရောက်မည့် ၂၀၂၆ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ မြန်မာ့အမျိုးသမီးများနေ့အကြောင်း အသိပညာပေး ဟောပြောပွဲကို  ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့နယ်၊ အ‌ခြေခံပညာအထက်တန်းကျောင်းခွဲ၊ အမှတ်(‌၂) အခြေခံပညာအလယ်တန်းကျောင်းတွင် ကျင်းပသည်။

ရေးမြို့နယ်၌ မိုးရာသီသစ်ပင်စိုက်ပျိုးခြင်း၊ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းခြင်းနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းခြင်းဆိုင်ရာ အသိပညာပေးဟောပြော

မွန်ပြည်နယ်၊ ရေးမြို့နယ်သစ်တောဦးစီးဌာနမှ မိုးရာသီသစ်ပင်စိုက်ပျိုးခြင်း၊ သစ်တောဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းခြင်းနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက အဘော်ကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်းတွင် ဆောင်ရွက်သည်။

မြန်မာအမျိုးသမီးများနေ့ အကြိုလှုပ်ရှားမှုအဖြစ် ရိုးရာမုန့်လုပ်နည်းနှင့် ဆပ်ပြာဆီပြုလုပ်နည်း သင်တန်းဖွင့်ပွဲ ကျင်းပ

မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် "ရိုးရာအခြေပြုမြန်မာစားသောက်ဖွယ်ရာ လုပ်နည်းသင်တန်းနှင့် ဆပ်ပြာဆီပြုလုပ်နည်းသင်တန်း" ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ပြည်ခရိုင်လူမှုဝန်ထမ်းရုံး၊ သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ