အမြို့မြို့အနယ်နယ်သတင်းများ

မချမ်းဘောမြို့ အခြေခံပညာအထက်တန်းကျောင်း၌ မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် ကျောင်းသားလူငယ်များ မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရေး အသိပညာပေးဆိုင်ရာများ သိရှိစေရန်နှင့် ရှောင်ရှားနိုင်စေရန် ရည်ရွယ်၍ ၂၀၂၆ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြိုဟောပြောပွဲကို ယနေ့မန်နံနက်၁၀ နာရီက အထက မချမ်းဘောကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၃) ရက်မြောက်နေ့ကျင်းပ

တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၃) ရက်မြောက်နေ့ကို ဇွန်လ ၂၃ ရက်နေ့ နံနက် (၁၀) နာရီအချိန်က တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ ဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

တွန်းဇံမြို့၌ မြို့တွင်းလျှပ်စစ်မီး ပြန်လည်ဖြန့်ဝေနိုင်ရေး ဓါတ်အားပေးမီးစက်ရုံကြည့်ရှုစစ်ဆေး

ချင်းပြည်နယ် တွန်းဇံမြို့၌ ပြည်သူများအား လျှပ်စစ်မီးပြန်လည်ဖြန့်‌ဝေနိုင်ရေး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းအောင် ဦးဆောင်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များနှင့်အတူ မြို့နယ်လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမီးစက်ရုံအား  ယမန်နေ့နံနက် (၁၀) နာရီအချိန်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

တွန်းဇံမြို့၌ ကယ်ဆယ်ရေးပစ္စည်းများနှင့် စားရေရိက္ခာထောက်ပံ့ပေးအပ်ပွဲအခမ်းအနား ကျင်းပ

ချင်းပြည်နယ် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်‌ရေးကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် အဖွဲ့ဝင်များ တွန်းဇံမြို့သို့လာရောက်စဉ်က  အခြားဒေသမှ တွန်းဇံမြို့သို့ ပြန်လည်ရောက်ရှိလာသည့် ယာယီတိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့သည့် ကယ်ဆယ်ရေးပစ္စည်းများနှင့် စားရေရိက္ခာများ ပေးအပ်ခြင်းအခမ်းအနားကို ဇွန်လ ၂၃ ရက်နေ့ ညနေ (၃) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

ဘားအံတက္ကသိုလ်တွင် မူးယစ်ဆေးဝါးများအန္တရာယ်နှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ကျောင်းးသား၊ကျောင်းသူ လူငယ်များမူးယစ်ဆေးဝါးအန္တရာယ်နှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး အကြောင်းအရာများကို သိရှိစေရန် ရည်ရွယ်၍ မူးယစ်ဆေးဝါးအန္တရာယ်နှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ဇွန် ၂၃ ရက်နေ့ နံနက်ပိုင်းက ဘားအံတက္ကသိုလ်၊ ငုရွှေဝါခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဘားအံခရိုင်၊ လူထုအခြေပြုဗဟိုဌာနတွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးလုပ်ငန်းများကို ယနေ့နံနက်(၁၀)နာရီက ဘားအံခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ မရမ်းချောင်းကျေးရွာတွင် ရက် (၁၀၀) စီမံချက်ဖြင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအား ကွင်းဆင်းစစ်ဆေး

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရွာသစ်ကျေးရွာအုပ်စု၊ မရမ်းချောင်း ကျေးရွတွင် ၂၀၂၆-၂၀၂၇ဘဏ္ဍာရေးနှစ် ရက် (၁၀၀) စီမံချက်ဖြင့် ဆောင်ရွက်လျက်ရှိသော ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ဖြင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း (၅၆၇' x ၆' x ၆") ဆောင်ရွက်ပြီးစီးမှုအား မြောင်းမြခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်သူကိုကိုနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မြင်းခြံမြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် စာစီ စာကုံးပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျွန်းလှမြို့နယ်၌ ကျွဲ၊ နွား တိရစ္ဆာန်အစာ ဧက ၂၆၀၀ ကျော်စိုက်ပျိုးမည်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် လယ်ယာ‌မြေလုပ်ငန်းခွင်အတွက် ကျွဲ၊ နွားများကို မွေးမြူလျက်ရှိရာ ယခုနှစ် မိုးရာသီ တိရစ္ဆာန်အစာ ဧက ၂၆၀၀ ကျော်စိုက်ပျိုးမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

၂၀၂၆ -၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် ပြည်ကြီးတံခွန်မြို့နယ် သမဝါယမအသင်းများ၏ ဝင်ငွေ ကြေညာလွှာပေးအပ်ပွဲ အခမ်းအနားကျင်းပ

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ပြည်တွင်းအခွန်များ ဦးစီးဌာနသို့ ၂၀၂၆-၂၀၂၇ဘဏ္ဍာနှစ်၊ မြို့နယ်သမဝါယမ အသင်းစုများ၏ ဝင်ငွေကြေညာလွှာပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်သမဝါယမဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ