အမြို့မြို့အနယ်နယ်သတင်းများ

မိတ္ထီလာမြို့ နန်းတော်ကုန်းရပ်ကွက်၌ ဝန်အားပြည့်နေသောထရန်စဖော်မာများအား ဝန်အားကူရန်နှင့် ဓာတ်အားသုံးစွဲသူ အိမ်ထောင်စုများ လျှပ်စစ်ဓာတ်အား ပိုမိုသုံးစွဲနိုင်စေရန် ထရန်စဖော်မာအသစ် ဓာတ်အားလွှတ်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ ဝန်အားပြည့်နေသောထရန်စဖော်မာများအားဝန်အားကူရန်နှင့် ဓာတ်အားသုံးစွဲသူ အိမ်ထောင်စုများ လျှပ်စစ်ဓာတ်အား ပိုမိုသုံးစွဲနိုင်စေရန် ထရန်စဖော်မာအသစ် ဓာတ်အားလွှတ်ပွဲကို ယမန်နေ့က နန်းတော်ကုန်းရပ်ကွက် သုခထီလာ ဆေးရုံအနီးတွင် ကျင်းပခဲ့ကြောင်း သိရသည်။

စေတုတ္တရာမြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များ ဖြန့်ဝေ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် ၂၀၂၆ခုနှစ်၊ ဇွန်လ(၂၆) ရက်နေ့တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား/ကျောင်းသူများနှင့် ပြည်သူများလက်ဝယ်ထံအရောက်ဖြန့်ဝေပေးခြင်းကို ဇွန်လ ၂၃ ရက်နေ့ညနေ ၄ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

၂၀၂၆ -၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် ပြည်ကြီးတံခွန်မြို့နယ် သမဝါယမအသင်းများ၏ ဝင်ငွေကြေညာလွှာပေးအပ်ပွဲ အခမ်းအနားကျင်းပ

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ပြည်တွင်းအခွန်များ ဦးစီးဌာနသို့ ၂၀၂၆-၂၀၂၇ဘဏ္ဍာနှစ်၊ မြို့နယ်သမဝါယမအသင်းစုများ၏ ဝင်ငွေကြေညာလွှာပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်သမဝါယမဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။

လိပ်သိုဒေသ၌ ကော်ဖီပျိုးပင်များ ပျိုးထောင်ရောင်းချခြင်းဖြင့် အပိုဝင်ငွေရရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံများမှာ နှစ်ရှည်သီးနှံပင်ဖြစ်သော ကော်ဖီပင်များကို စီးပွားဖြစ် စိုက်ပျိုးလျက်ရှိကြရာ ဒေသခံအချို့မှာ ကော်ဖီပျိုးပင်များကို ပျိုးထောင်ပြုစုပြီး ရောင်းချခြင်းဖြင့် အပိုဝင်ငွေရလျက်ရှိသည်။

ပွင့်ဖြူမြို့နယ်၌ အခွန်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် အခွန်ထမ်းလုပ်ငန်းရှင်များအား တည်ဆဲအခွန်ဆိုင်ရာဥပဒေများ၊ ပြေစာများပေါ်တွင် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ ပြဌာန်းချက်များနှင့် စပ်လျဉ်းသည့် အခွန်ဆိုင်ရာအသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗိုလ်ဥတ္တမခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြို့တော်ခန်းမ၌ “မြန်မာ့ချိတ်ယဥ်အလှဆင် မြင်သူရှုမဝ မန်းသူအလှ” ဝတ်စားဆင်ယင်ထုံးဖွဲ့မှုနှင့် ပဒေသာကပွဲအခမ်းအနား ကျင်းပ

၂၀၂၆ ခုနှစ်၊ ဇူလိုင် ၃ ရက်နေ့တွင်ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မန္တလေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူးကျင်းပသော မြန်မာ့ချိတ်ယဥ်အလှဆင် မြင်သူရှုမဝမန်းသူအလှ” ဝတ်စားဆင်ယင်ထုံးဖွဲ့မှုနှင့် ပဒေသာ ကပွဲအခမ်းအနားကို မန္တလေးမြို့၊ မြို့တော်ခန်းမ၌ ဇွန် ၂၄ ရက်နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။

အင်းစိန်မြို့နယ်၌ ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရာမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်နယ်၌ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း၊ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပညာရေးမှူးရုံးနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းပြုလုပ်သည့် ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရာမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မူးယစ်ဆေးဝါးအန္တရာယ်လျှော့ချရေးနှင့် မှုခင်းကျဆင်းရေး အသိပညာပေးရေး၊ နံရံကပ်ဓါတ်ပုံပြပွဲနှင့် ဟောပြောပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ဧရာဝတီခန်းမ၌ ကျင်းပသည်။

မန္တလေးခရိုင်လူထုအခြေပြုဗဟိုဌာန၌ “ဒေသဖွံ့ဖြိုးတိုးတက်ရေး” ပြည်သူ့စကားဝိုင်း(PUBLIC TALK) ဆွေးနွေး

မန္တလေးမြို့ မန္တလေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက “ရပ်ရွာဒေသဖွံ့ဖြိုးတိုးတက်ရေး” ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း(PUBLIC TALK) ဆွေးနွေးပွဲ ကျင်းပခဲ့သည်။

စေတုတ္တရာမြို့နယ်တွင် လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID ကတ်ပြားကွင်းဆင်း ဆောင်ရွက်ပေးပြီး ပေးအပ်ပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှလမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးပြီး ပေးအပ်ပွဲအခမ်းအနားကို ဇွန်လ၂၃ရက်နေ့ နေ့လယ်(၂)နာရီက အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ကျင်းပခဲ့သည်။

လှိုင်းဘွဲမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောခြင်းနှင့် စာအုပ်စာစောင်များ၊ နံရံကပ်စာစောင်များ ပြသ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်၍ ရှောင်ကြည်ရမည့်အချက်များကို သိရှိနိုင်စေရန်အတွက် အသိပညာပေး ဟောပြောခြင်းနှင့် စာအုပ်စာစောင်များ၊ နံရံကပ်စာစောင်များ ပြသခြင်းကို ယမန်နေ့က လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့သည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ