ပုဂ္ဂလိက ပျားမွေးမြူသူတောင်သူများအား ပျားအုံများ လွှဲပြောင်းထောက်ပံ့ပေးအပ်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ရက် ၁၀၀ စီမံချက်ဖြင့် မန္တလေးတိုင်းဒေသကြီး၊ ပျားမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲနှင့် ပူးပေါင်း ၍ ယမန်နေ့နံနက်ပိုင်းက ဝမ်းတွင်းမြို့နယ်၊ ဘုရားဖြူကျေးရွာရှိ ပုဂ္ဂလိကပျားမွေးမြူသူတောင်သူ ဦးနေမင်းထွန်းနှင့် မြစ်သားမြို့နယ် မုန္တောကျေးရွာရှိ တောင်သူ ဦးကျော်ငြိမ်းတို့ နှစ်ဦးအား ပျားအုံများ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။