အမြို့မြို့အနယ်နယ်သတင်းများ

သဲကုန်းမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အကြို အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ကျောင်းသား/ ကျောင်းသူများ ဗလငါးတန်ပြည့်စုံကြွယ်ဝစေရန်ရည်ရွယ်၍ ဇွန်လ (၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အကြို အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယမန်နေ့မွန်းလွဲ (၁)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း (သဲကုန်း)နှင့် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်းတို့၌ ဆောင်ရွက်ခဲ့သည်။

လယ်ဝေးမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များအကြို အခြေခံလေ့ကျင့်ရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၆) သင်တန်းဖွင့်ပွဲ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက်ပိုင်းက အရန်မီးသတ်တပ်ဖွဲ့ဝင်များအကြို အခြေခံလေ့ကျင့်ရေးသင်တန်း၊ အမှတ်စဉ်(၁/၂၀၂၆)ဖွင့်ပွဲအခမ်းအနား ကျင်းပသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း ရှမ်းပြည်နယ်ကြီးကြပ်ရေး အဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း ရှမ်းပြည်နယ် ကြီးကြပ်ရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန်လ(၂၂)ရက်နေ့၊ မွန်းလွဲပိုင်းက ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ ပြည်နယ်လူမှုရေးရာဝန်ကြီးရုံးခန်း၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူနှင့် အဖွဲ့ဝင် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ကျောက်ဆည်အသင်း(ရန်ကုန်)၊ (၂၅)နှစ်ပြည့် ငွေရတုအထိမ်းအမှတ် မဂ္ဂဇင်းထုတ်ဝေရေး လုပ်ငန်းညှိနှိုင်း

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်လူထုအခြေပြုဗဟိုဌာန၌ ယနေ့နံနက်ပိုင်းက ကျောက်ဆည် အသင်း(ရန်ကုန်)ကြီး၏ (၂၅)နှစ်မြောက် ငွေရတုအထိမ်းအမှတ်မဂ္ဂဇင်းထုတ်ဝေနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပသည်။

ဝေါမြို့နယ်၌ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာအဖြစ် သင်တန်းဖွင့်လှစ်

ပဲခူးဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်ဥပဒေရုံးက ပြည်သူများနှင့်အမြဲတစေ ထိတွေ့ဆက်ဆံနေရသည့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများအား နိုင်ငံသားတိုင်း တရားဥပဒေစိုးမိုးမှုရရှိစေရေး၊ နိုင်ငံသားတိုင်းတရားဥပဒေအသိပညာရှိစေရေးနှင့် ဥပဒေ၏အကာအကွယ်ကို အညီအမျှရရှိစေရေးတို့ကိုရည်ရွယ်၍ ဥပဒေအသိပညာပြန့်ပွားရေး ဆရာအဖြစ် သင်တန်း (TOT) ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့သည်။

ဆဋ္ဌမအကြိမ် ကေတုမတီဗုဒ္ဓဝင် ယှဉ်ပြိုင်ပူဇော်ပွဲတွင် ဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့၊ KMA ကေတုမတီဟိုတယ်၊ ဘုရင့်နောင်ခန်းမ၌ ရွှေဆံတော်မရမ်းကျောင်းဆရာတော်ကြီးနှင့် သီတဂူကေတုမတီဗုဒ္ဓတက္ကသိုလ် ကျောင်းအုပ်ဆရာတော် အရှင်တိက္ခာသာရတို့ ဦးဆောင်၍ ဆဋ္ဌမအကြိမ် ကေတုမတီဗုဒ္ဓဝင်ယှဥ်ပြိုင်ပူ‌ဇော်ပွဲ(စင်တင်)ကို ဇွန် ၂၀ ရက်နေ့မှစတင်၍ ကျင်းပလျက်ရှိရာ ယမန်နေ့ညနေပိုင်းတွင် ဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်သည်။

နိုင်ငံတော်အစိုးရသစ်၏ ရက်(၁၀၀) စီမံချက်ဖြင့် အ.ထ.က(ကော့မှူး)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲနှင့်ပြိုင်ပွဲများကျင်းပ

နိုင်ငံတော်အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန နှင့် ပညာရေးဌာနတို့ပူးပေါင်းပြီး ကျောင်းသား၊ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာ ဗဟုသုတ ရရှိ‌စေရေးအတွက် အခြေခံပညာကျောင်းများ၌ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ‌ ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် အခြေခံပညာ အထက်တန်းကျောင်း (အ.ထ.က(ကော့မှူး)ကျောင်း၌ စာဖတ်ရှိန် မြှင့်တင်ရေး အသိပညာ‌ပေး ဟောပြောပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ ၊ ကဗျာရွတ်ဆိုပြိုင်၊ ဂိမ်းကစားပြိုင်ပွဲ၊ သုတ/ရသ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျိုက်ထိုမြို့နယ်၌ သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ်ပညာသင်တန်း (၁/၂၀၂၆) ဖွင့်လှစ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ်ပညာသင်တန်း (၁/၂၀၂၆) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီတွင် မြို့နယ်မီးသတ်ဦးစီးဌာန၌ ဖွင့်လှစ်ခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး စစ်ကိုင်းမြို့၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု လိုက်လံကြည့်ရှု

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ စစ်ကိုင်းခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများသည် ဇွန်လ ၂၂ ရက်၊ မွန်းလွဲပိုင်းတွင် စစ်ကိုင်းမြို့၊ ပတ္တမြားရပ်ကွက်၊ စစ်ကိုင်းပညာရေးတက္ကသိုလ်ရှိ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ သောက်သုံးရေအဆင်ပြေစေရန်အတွက် (၈)လက်မ စက်ရေအတွင်း(၂)တွင်း၊ ရေဂါလံ(၂၀၀၀၀)ဆံ့ ရေလှောင်ကန်၊ Pump House (၁)လုံးနှင့် 315 KVA Transformer (၁)လုံး တည်ဆောက်မည့် မြေနေရာသို့ ရောက်ရှိကြသည်။

ပျဉ်းမနားမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များအတွက် အခြေခံမီးသတ်သင်တန်း ဖွင့်လှစ်သင်ကြားပေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပျဉ်းမနားခရိုင်၊ ပျဉ်းမနားမြို့နယ်မီးသတ်စခန်း၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များအတွက် အခြေခံမီးသတ်သင်တန်းအမှတ်စဉ် ၁/၂၀၂၆ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ