အမြို့မြို့အနယ်နယ်သတင်းများ

ဟုမ္မလင်းမြို့၌ ဇီဝိတဒါန ငါးလွှတ်ပွဲအခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့၌ ချင်းတွင်းမြစ်အတွင်းသို့ ဇွန်လ (၂၃) ရက်နေ့ နံနက် (၈) နာရီအချိန်က ဇီဝိတဒါနငါးလွှတ်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကော့ကရိတ်မြို့တွင် လူငယ်ရေးရာနှင့် မူးယစ်‌ဆေးဝါးအန္တရာယ်အသိပညာ‌ပေး 

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားလာနိုင်စေရေး၊ ကိုယ်ကာယကျန်းမာကြံ့ခိုင်နိုင်‌စေရေးတို့အတွက် အားကစားနှင့် ကာယပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၁နာရီက အထက(ခွဲ)ဝင်းကြီးကျောင်း၊ ပုလဲရတနာခန်းမ၌ ပြုလုပ်သည်။

အ.ထ.က(မိုင်းကိုင်)၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သရုပ်ပြခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ် မီးသတ်ဦးစီးဌာန၏ ဦးဆောင်ကြီးကြပ်မှုဖြင့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သရုပ်ပြခြင်းနှင့်ဇာတ်တိုက်လေ့ကျင့်ခြင်းများကို ယမန်နေ့နံနက်ပိုင်းက အ.ထ.က(မိုင်းကိုင်)၌ ကျင်းပပြုလုပ်ခဲ့သည်။

ရွှေတောင်မြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (TOT) ဖွင့်ပွဲကျင်းပ

နိုင်ငံသားတိုင်း တရားဥပဒေစိုးမိုးမှုရရှိစေရေး၊ နိုင်ငံသားတိုင်း ဥပဒေအသိပညာရရှိစေရေး၊ ဥပဒေ၏အကာအကွယ်ကို အညီအမျှရရှိစေရန်ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ရက်(၁၀၀)စီမံချက်ဖြင့် မြို့နယ်ဥပဒေရုံးမှ ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအား ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်းဖွင့်လှစ်ကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဟံဝင်းအောင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။

မဟာအောင်မြေမြို့နယ်၌ ကျောင်းကျန်းမာရေး အသိပညာပေး

‎မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်၌ ကျောင်းကျန်းမာရေး အသိပညာပေးခြင်းကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်သည်။

ကျောက်ကြီးမြို့နယ်၌ “လမင်းစီမံချက်” ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၌ ယမန်နေ့နံနက်ပိုင်းတွင် ပဲခူးရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ ရက်(၁၀၀)စီမံချက်အား အကောင်အထည်ဖော်ဆောင်ရွက်သည့်အနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေးခြင်း “လမင်းစီမံချက်”ကို ဆောင်ရွက်သည်။

လားရှိုးမြို့တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အ.ထ.က(၂)၏ ကျောင်းကောင်စီကတိသစ္စာခံယူပွဲ ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ၂၀၂၆-၂၀၂၇ပညာသင်နှစ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၏ ကျောင်းကောင်စီကတိသစ္စာခံယူပွဲကို ယမန်နေ့က အဆိုပါ‌ကျောင်း၌ ကျင်းပသည်။

ကော့ကရိတ်မြို့တွင် ခရိုင်အဆင့်ကျောင်းကျန်းမာရေးကော်မတီဖွဲ့စည်းခြင်းနှင့် ကျောင်းလုပ်ငန်းများဆန်းစစ်မှု မိတ်ဆက်သင်တန်းကျင်းပ

ကရင်ပြည်နယ် ကော့ကရိတ်မြို့တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ခရိုင်အဆင့်ကျောင်းကျန်းမာရေးကော်မတီ ဖွဲ့စည်းခြင်းနှင့် ကျောင်းကျန်းမာ‌ရေးအဆင့်မြှင့် ကျောင်းလုပ်ငန်းများဆန်းစစ်မှုမိတ်ဆက်သင်တန်းကို ယနေ့ နံနက် ၉နာရီက အမှတ်( ၂ )အခြေခံပညာအထက်တန်းကျောင်း၊ သရဖီခန်းမ၌ ကျင်းပသည်။

လားရှိုးမြို့တွင် ဥပ‌ဒေအရာရှိကျင့်ဝတ်ဆိုင်ရာ တွေ့ဆုံမေးမြန်းခြင်း အစီအစဉ်ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် နိုင်ငံအတွင်း တရားဥပ‌ဒေစိုးမိုးမှုရရှိရေးအတွက် ဥပ‌ဒေအရာရှိကျင့်ဝတ်ဆိုင်ရာ တွေ့ဆုံမေးမြန်းခြင်း အစီအစဉ် ယမန်နေ့က ခရိုင်ဥပဒေရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ညောင်ဦးမြို့နယ်၌ နိုင်ငံစီးပွားရန်ပုံငွေဖြင့် ဆောင်ရွက်သော (မိုးမြေပဲ၊မိုးစပါး) သီးနှံ ချေးငွေစနစ်ဖြင့် သွင်းအားစုပေးအပ်ပွဲအခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၌ နိုင်ငံစီးပွားရန်ပုံငွေဖြင့် ဆောင်ရွက်သော(မိုးမြေပဲ၊ မိုးစပါး)သီးနှံ ချေးငွေစနစ်ဖြင့် သွင်းအားစုပေးအပ်ပွဲအခမ်းအနားကို ညောင်ဦးမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ရုံးခန်းတွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ