အမြို့မြို့အနယ်နယ်သတင်းများ

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ ပြည်ထောင်စုနေ့အထိမ်းအမှတ် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲ ပြုလုပ်

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် “(၇၉) နှစ်မြောက် ပြည်ထောင်စုနေ့” အထိမ်းအမှတ်အဖြစ် ကလေးငယ်များ၊ ကျောင်းသား၊ ကျောင်းသူများ ကာယ၊ ဉာဏစွမ်းရည်များ တိုးတက်စေရန်အတွက် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ယမန်နေ့နံနက် ၁၀ နာရီက ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်ဒေသကြီး ဝန်ကြီးချုပ် ကန့်ဘလူမြို့ မဟာရွှေစည်ကြီးစေတီတော် (၂၆)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံ

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့၏ ကျက်သရေဆောင် မဟာရွှေစည်ကြီးစေတီတော် (၂၆)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဖေဖော်ဝါရီ ၁ ရက်နေ့ နံနက်က စေတီတော်ကြီး၌ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသူများ၊ မြို့မိမြို့ဖများ၊ ဂေါပကအဖွဲ့ဝင်များ၊ မြို့ပေါ်ရပ်ကွက်များရှိ ဒေသခံပြည်သူများ တက်ရောက်ကြသည်။

တိုင်းဒေသကြီးဝန်ကြီးချုပ် (၇၉)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားနှင့် ဈေးသစ်ဖွင့်ပွဲအခမ်းအနားများသို့ တက်ရောက်

(၇၉)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြောင်းမြမြို့နယ်၊ မဒေါ့ပင်ကျေးရွာအုပ်စု၊ မဒေါ့ပင်ကျေးရွာတွင် လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၂ ရက်နေ့နံနက်ပိုင်းက ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်၍ ဖွင့်လှစ်ပေးခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် 2025 - 2026 Myanmar Women League ပြိုင်ပွဲတွင် Ayeyarwady Women Football Club-Championမှ ဆုလားအပ်နှံခြင်းအခမ်းအနား တက်ရောက်

2025 - 2026 Myanmar Women League ပြိုင်ပွဲတွင် Ayeyarwady Women Football Club-Championမှ ဆုလားအပ်နှံခြင်းအခမ်းအနားကို ဖေဖော်ဝါရီလ ၂ ရက်နေ့ ညနေပိုင်းက ကိုးသိန်းအားကစားကွင်းတွင် ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောငါဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ ဘောလုံးဝါသနာရှင်ပြည်သူများ တက်ရောက်ခဲ့ကြသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို   လူငယ်ကိုယ်စားလှယ်အဖွဲ့က အတွေ့အကြုံရှင်းလင်း ပွဲ အခမ်းအနားသို့တက်ရောက်

လူငယ်ငြိမ်းချမ်းရေးဖိုရမ်(၂၀၂၆)အခမ်းအနားသို့တက်ရောက်ခဲ့သော တနင်္သာရီတိုင်းဒေသကြီး လူငယ်ကိုယ်စားလှယ်အဖွဲ့၏ အတွေ့အကြုံရှင်းလင်းပွဲ အခမ်းအနားကို  ဖေဖော်ဝါရီ ၃ ရက် နံနက်  ၉ နာရီက ထားဝယ်တက္ကသိုလ်ဘက်စုံသုံးခန်းမ၌ ကျင်းပသည်။

ပြင်ဦးလွင်မြို့တွင် ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးသည့် လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးအတွက် အသိပေးဆွေးနွေး

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့တွင် ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးအတွက် အသိပေးဆွေးနွေးခြင်းနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီက ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမဆောင်၌ ကျင်းပပြုလုပ်သည်။

(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြု ဘားအံမြို့ အမှတ်(၃)အခြေခံပညာ မူလတန်းလွန်ကျောင်း၌ နှစ်ထပ်ကျောင်းဆောင်သစ်ဖွင့်

(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘားအံမြို့ အမှတ်(၃)အခြေခံပညာမူလတန်း လွန်ကျောင်းရှိ  အလျား ပေ ၁၀၀ ၊ အနံ ပေ ၃၀ RCC နှစ်ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်သည့်အခမ်းအနားကို ဖေဖော်ဝါရီ ၃ ရက် နံနက်ပိုင်းက ကျင်းပရာ ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများ တက်ရောက်သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့ ဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းကြည့်ရှု စစ်‌ဆေးပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသော ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ဆောင်ရွက်သည့် စီမံကိန်းလုပ်ငန်းများအား ရှင်းလင်းတင်ပြခြင်း အစည်းအဝေးတက်ရောက်သည်။

ကရင်ပြည်နယ်လူငယ်စင်တာ၌ ဒုတိယအကြိမ်အခြေခံပန်ချီသင်တန်းဆင်း

ကရင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူးဖွင့်လှစ်သည့် အခြေခံပန်းချီသင်တန်းအမှတ်စဉ်(၂/၂၀၂၅) သင်တန်းဆင်းပွဲကို ဖေဖော်ဝါရီ ၃ ရက် နံနက် ၉ နာရီက ဘားအံတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမအနီးရှိ လူငယ်စင်တာ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဘားအံမြို့နယ် ကော့လှိုက်ကျေးရွာ၌ ကမ်းပြိုကာကွယ်ရေး မြေထိန်းနံရံလုပ်ငန်း ဆောင်ရွက် 

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခဲ့မှုကော်မတီ၏ ခွင့်ပြုရန်ပုံငွေဖြင့် ကရင်ပြည်နယ်ရေအရင်းမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးကြပ်ဆောင်ရွက်လျက်ရှိသည့် ကရင် ပြည်နယ် ဘားအံမြို့နယ် ကော့လှိုက်ကျေးရွာရှိ သံလွင်မြစ်ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ဘိုးပိုင်‌အခြေပြု ကျောက်စီမြေထိန်းနံရံ အလျားပေအရှည် ပေ (၁၀၀၀) တည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးညီညီဇော်က ယမန်နေ့ ညနေပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ