ကယားပြည်နယ်ဥပဒေချုပ်ရုံး၌ ဥပဒေရေးရာဝန်ကြီးဌာနနှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ
ဥပဒေရေးရာဝန်ကြီးဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကယားပြည်နယ်ဥပဒေချုပ်ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်နယ်ဥပဒေချုပ် ဦးကြည်မြိုင်၊ ပြည်နယ်ဥပဒေအရာရှိ ဦးသိန်းထွန်း၊ ကယားပြည်နယ်ဥပဒေချုပ်ရုံး၊ ခရိုင်ဥပဒေရုံးများ၊ မြို့နယ်ဥပဒေရုံးများရှိ ဥပဒေအရာရှိများနှင့် အမှုထမ်းများတက်ရောက်ခဲ့ကြသည်။