သတင်းများ

ဒေါပုံမြို့နယ်၊ ဗမာအေးရပ်ကွက်တွင် စျေးကားများဖြင့် သား/ငါး၊ဟင်းသီးဟင်းရွက်များနှင့် စားသောက်ကုန် ပစ္စည်းများအား စတုတ္ထအကြိမ်စျေးနှုန်းသက်သာစွာ လာရောက်ရောင်းချပေး
Jan 08,2021
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ရေးအတွက်ပြည်သူများမိမိတို့နေအိမ်မှ ကွာဝေးသော စျေးများသို့ သွားရောက်ဝယ်ယူစရာမလိုဘဲ စျေးနှုန်းသက်သာစွာဖြင့် သန့်ရှင်းလတ်ဆတ်ပြီး ဝယ်ယူ စားသုံးနိုင်စေရန်အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု၊လက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့်
တောင်ငူ၌ တိုင်းရင်းဆေးအမျိုးမျိုးထုတ်လုပ် ဖြန့်ဖြူးရောင်းချရာ၌ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်မှုရှိမရှိ ကွင်းဆင်းစစ်ဆေး
Jan 08,2021
တောင်ငူ၌ ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသည့် တိုင်းရင်းဆေးအမျိုးမျိုးတို့၌ ကုန်အညွှန်း အမှတ်အသား တံဆိပ်များ ပြည့်စုံမှန်ကန်မှုရှိစေရေးအတွက် ခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် ခရိုင်တိုင်းရင်းဆေးပညာဦးစီးဌာနတို့ ပူးပေါင်းကာ ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ပြည်မြို့ ရွှေတံခါးနယ်မြေ (တာဂွ)၌ လွှတ်တော်ကိုယ်စားလှယ်များနှင့် ရပ်ကွက်နေပြည်သူများ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေး ကိစ္စရပ်များဆွေးနွေး
Jan 08,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ ရွှေတံခါးနယ်မြေ(တာဂွ) သာယာကုန်း ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ဇန်နဝါရီ ၆ ရက်နေ့က လွှတ်တော်ကိုယ်စားလှယ်များနှင့် ရပ်ကွက်နေ ပြည်သူများ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ရွှေကျင်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်နိုင်ရေးအတွက် နှာခေါင်းစည်း (Mask)များကို ယခုဝယ် ယခုတပ် စနစ်ဖြင့် စစ်ဆေးဆောင်ရွက်
Jan 08,2021
ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်နိုင်ရေးအတွက် နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်းမရှိဘဲ နေအိမ်ပြင်ပ သွားလာသူများအား ယခုဝယ် ယခုတပ် စနစ်ဖြင့် ယနေ့ နံနက်ပိုင်း က ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
သဲကုန်းမြို့နယ်၌ Quarantine ထားရှိသူ(၆၂)ဦးအား RDT Test Kit ဖြင့် စစ်ဆေး
Jan 08,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၌ Quarantine ထားရှိသူများအနက်မှ (၆၂)ဦး၏ Swab နမူနာများအား (၃၂)ကြိမ်မြောက် ဓာတ်ခွဲခန်းစစ်ဆေးရန် ယနေ့ နံနက်ပိုင်းက ရယူခဲ့ကြောင်း သိရသည်။
ကျောက်ကြီးမြို့နယ်၌ ကြက်ခြေနီတပ်ဖွဲ့မှ မြို့နယ်အတွင်းရှိ အ-ထ-က ကျောင်းနှစ်ကျောင်းအား ခြေနင်းဘေစင်လှူဒါန်း
Jan 08,2021
မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ပေးပို့လှူဒါန်းသော ခြေနင်းဘေစင်နှစ်စုံအား ပဲခူးတိုင်း ဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ် ကြက်ခြေနီတပ်ဖွဲ့ တပ်ဖွဲ့မှူး ဦးမင်းမြတ်ဘုန်း ဦးစီး၍ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့်အတူ ယမန်နေ့နေ့လယ်(၁၂)နာရီက ကျောက်ကြီးမြို့နယ်ရှိ အ−ထ−ကကျောင်း နှစ်ကျောင်းအား ထောက်ပံ့ လှူဒါန်းပေးအပ်ခဲ့သည်။
ဓနုဖြူမြို့နယ်၌ ဆီသိုလှောင် တွဲရေယာဉ် မီးလောင်မှုဖြစ်၊ လူတစ်ဦးသေဆုံး
Jan 07,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ သပြုကျေးရွာအုပ်စု၊ သပြုကျေးရွာရှိ ဧရာဝတီမြစ်ကမ်းဘေး၌ ယနေ့ ညနေ ၄နာရီ ၁၀မိနစ် အချိန်ခန့်က ဆီလှောင်တွဲ‌ရေယာဉ် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
မယ်ဆိုင်မြို့မှ တာချီလိတ်မြို့သို့ ကုန်စည်များသယ်ယူပို့ဆောင်သည့် ယာဉ်မောင်းများအား ၁၄ ရက်လျှင် တစ်ကြိမ် ကိုဗစ်-၁၉ ပိုးစစ်ဆေးခြင်း ဆောင်ရွက်
Jan 07,2021
မြန်မာ-ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ ချစ်ကြည်ရေးတံတား ၂ မှတစ်ဆင့် မယ်ဆိုင်မြို့မှ တာချီလိတ်မြို့သို့ ကုန်စည်များသယ်ယူပို့ဆောင်သည့် ယာဉ်မောင်းများအား ၁၄ ရက်လျင်တစ်ကြိမ် ကိုဗစ်-၁၉ ပိုးစစ်ဆေးခြင်းကို ထိုင်းဖက်ခြမ်းချက်ပွိုင့်၌ ယနေ့နံနက်တွင် စတင်ဆေးစစ်မှုပြုလုပ်လျက်ရှိကြောင်းသိရသည်။