သတင်းများ

ပန်းတနော်၌ အနှေးယာဉ်(ဆိုက္ကား)နှင့် အနှေးယာဉ်မောင်း လိုင်စင်များအား အသစ်လဲလှယ် ပေးသွားမည်
Jan 07,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အနှေးယာဉ် (ဆိုက္ကား)နှင့် အနှေးယာဉ်နင်းသား လိုင်စင်များအား အသစ်လဲလှယ်ပေး သွားမည်ဖြစ်ကြောင်း ယနေ့ နံနက်ပိုင်းက မြို့ပေါ် ရပ်ကွက်များ၌ လိုက်လံအသိပေး ကြေညာခဲ့သည်။
အောင်မြေသာစံမြို့နယ်တွင် လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးပွဲပြုလုပ်
Jan 07,2021
လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးဆိုင်ရာ အသိပညာပေးဟောပြော‌ဆွေးနွေးပွဲကို ယနေ့နံနက်၁၁နာရီက အောင်မြေသာစံမြို့နယ်၊ ပြည်လုံးချမ်းသာရပ်ကွက်၊ ၁၃လမ်းနှင့်၈၆လမ်းထောင့်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်သည်။
ဒေးဒရဲမြို့နယ် ဥတိုကျေးရွာတွင် School Cum Shelter ဆက်လက် ဆောက်လုပ်နိုင်ရေး ဘိုးပိုင်များ စစ်ဆေးဆောင်ရွက်
Jan 07,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ဥတိုကျေးရွာတွင် ဖျာပုံခရိုင်၊ ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဦးစီးဌာနက ဆောက်လုပ်ဆဲ School Cum Shelter ဆက်လက် ဆောက်လုပ်နိုင်ရေး ဘိုးပိုင်များ စမ်းသပ် စစ်ဆေးဆောင်ရွက်ခြင်းကို ယမန်နေ့ နေ့လည်ပိုင်းက ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြန်အောင်၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်း လုပ်ငန်းဆိုင်ရာများ ရှင်းလင်းခြင်းနှင့် ဥပဒေ၊ နည်းဥပဒေအရ ဆောင်ရွက်ရမည့်ကိစ္စရပ်များ ရှင်းလင်းပို့ချခြင်း သင်တန်းဖွင့်လှစ်
Jan 07,2021
မြန်အောင် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်း လုပ်ငန်းဆိုင်ရာများ ရှင်းလင်းခြင်းနှင့် ဥပဒေ၊ နည်းဥပဒေအရ ဆောင်ရွက်ရမည့် ကိစ္စရပ်များ ရှင်းလင်းပို့ချခြင်း သင်တန်းကို ယနေ့နံနက်က မြန်အောင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမတွင် ဖွင့်လှစ်သင်ကြား လျက်ရှိကြောင်း သိရသည်။
ကော့ကရိတ်မြို့၌ ၂၀၂၁- ၂၀၂၂ ဘဏ္ဍာနှစ်အတွက် စီမံကိန်းရည်မှန်းချက် အဆိုပြုချက်များညှိနှိုင်းဆွေးနွေး
Jan 07,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့၌ ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာနှစ်အတွက် စီမံကိန်းရည်မှန်းချက် အဆိုပြုချက်များ (ရင်းနှီးမြုပ်နှံမှုလုပ်ငန်းများ) ဆွေးနွေးညှိနှိုင်းခြင်းကို ယနေ့ နံနက် (၁၀) နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
ဗန်းမောက်မြို့နယ်တွင် ဆောင်းမြေပဲစိုက်ခင်းအတွင်း ‌ရေဆင်း (၁) စပ်မျိုးနေကြာ စိုက်ပျိုးနိုင်ရေး ကွင်းဆင်းသရုပ်ပြ
Jan 07,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်အတွင်း လယ်သီးထပ်စိုက်ပျိုးနိုင်ရန် ဆောင်းမြေပဲစိုက်ခင်း အတွင်း ရေဆင်း (၁) စပ်မျိုးနေကြာ စိုက်ပျိုးခြင်း ကွင်းသရုပ်ပြသမှုကို စက်တောနည်းပညာပေး စင်တာအတွင်းရှိ နားယကာကျေးရွာတွင် ဆောင်းသီးနှံတိုးချဲ့ စိုက်ပျိုးခြင်းနှင့် လျာထားချက်ပြည့်မီစွာ စိုက်ပျိုးနိုင်ရေးတို့အတွက် တောင်သူဦးကျော်ဦးနှင့် ဒေါ်ညွန့်မေတို့၏ လယ်ယာမြေ၌ ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
စေတုတ္တရာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာများတွင် ရေရရှိရေး လုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး
Jan 07,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ကျေးလက်နေ ပြည်သူများ သန့်ရှင်းသော သောက်သုံးရေများ ဖူလုံစွာရရှိနိုင်ရေး ဆောင်ရွက် လျက်ရှိရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် ဖျင်ကြီးကျေးရွာ အုတ်ရေကန် တည်ဆောက်ခြင်းလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန (မူလ) ခွင့်ပြုရန်ပုံ ငွေများဖြင့် ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက် လျက်ရှိသော အပေါကျေးရွာနှင့် နန်ကြူ ကျေးရွာများတွင် လုပ်ငန်းဆောင်ရွက်နေမှုများအား ယမန်နေ့ နံနက်ပိုင်းက ကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် ကျောင်းကုန်းကြီးကျေးရွာ ဒေသခံပြည်သူများ သွားလာရေးအဆင်ပြေစေရန် မြောက်မုန်း မြောင်းမကြီးတွင် သံကူကွန်ကရစ် တံတားတစ်စင်း အကောင်အထည်ဖော် တည်ဆောက် ပေး
Jan 07,2021
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် ကျောင်းကုန်းကျေးရွာရှိ ဒေသခံပြည်သူများ ရာသီမရွေး သွားလာရေး အဆင်ပြေစေရန်အတွက် ယခု ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးရေးငွေလုံးငွေရင်း ရန်ပုံငွေဖြင့် အဆိုပါ ကျေးရွာအနီးရှိ မြောက်မုန်းမြောင်း မကြီးတွင် သံကူကွန်ကရစ်တံတား တစ်စင်းအား ဒီဇင်ဘာ ၁၅ ရက်နေ့က စတင်ကာ အကောင်အထည် ဖော် တည်ဆောက်ပေးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနရုံးမှ သိရသည်။