သတင်းများ

ရွာသစ်မြို့၌ နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် ဖြန့်ဝေခြင်းဆောင်ရွက်
Dec 08,2020
၂၀၂၀ ပြည့်နှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် (၁၀)ရက်နေ့တွင် ကျရောက်မည့် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင် အတွဲ(၄)၊ အမှတ်(၇) ကို ကယားပြည်နယ်၊ ရွာသစ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ရွာသစ် မြို့ရှိ ‌‌ဈေးဆိုင်များ၊ ဌာနဆိုင်ရာရုံးများ၊ ကျောင်းများ၊ လမ်းသွားလမ်းလာနေရာများ၊ လူစည်ကားရာ နေရာများ၊ ကျေးရွာများတွင် လိုက်လံဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မတူပီမြို့ ငလိုင်ကျေးရွာ၌ မဟာဓာတ်အားလိုင်း မီးလင်းရေးအောင်ပွဲ အခမ်းအနားကျင်းပ
Dec 08,2020
ချင်းပြည်နယ်၊ မတူပီခရိုင်၊ မတူပီမြို့၌ မဟာဓာတ်အားလိုင်းမီးလင်းရေး အောင်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီက ငလိုင်ကျေးရွာတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ဗန်းမော်မြို့နယ် စင့်ကင်ကျေးရွာလူထုအင်အားဖြင့် ပေ(၁၇ဝဝ)ရှိ တာပိန်မြစ်ကူးတံတားကို သစ်ဝါးအသုံးပြု၍ နေ့ချင်းပြီး စုပေါင်းဆောင်ရွက်
Dec 08,2020
ကချင်ပြည်နယ် ဗန်းမော်မြို့နယ် စင့်ကင်ကျေးရွာ ပြည်သူလူထု၏ စုပေါင်းအင်အားဖြင့် တာပိန်မြစ်ကူးတံတားကို အရှည်ပေ(၁၇ဝဝ)ကို ဒီဇင်ဘာ ၅ ရက်နေ့က နေ့ချင်းပြီး စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ငါးသယံဇာတပြုန်းတီးမှုနှင့် ကျဉ်စက်အန္တရာယ် ဝိုင်းဝန်းထိန်းသိမ်းရန်လိုအပ်
Dec 08,2020
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်သည် ဒေသတွင်း သဘာဝမြစ်၊ ချောင်း ၊အင်း၊ အိုင်၊ ဆည် တမံများနှင့် ငါးမွေးမြူရေးလုပ်ငန်းများ အသင့်အတင့်ရှိသည့် ခရိုင်မြို့ တစ်မြို့လည်းဖြစ်သည်။ သို့သော်လည်း ငါးလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးမှုနည်းပါးခြင်း၊ ငါးသယံဇာတ ထုတ်လုပ်တိုးတက်မှုတို့ လျော့နည်းနေခြင်းတို့ကို တွေ့ရကြောင်း မြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနမှ သိရသည်။
မြစ်ကြီးနားမြို့နယ်အတွင်း စားသောက်ဆိုင်များအား ရှောင်တခင် ကွင်းဆင်းစစ်ဆေး
Dec 08,2020
မြစ်ကြီးနားမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များအား သတ်မှတ်စည်း ကမ်းချက်များ နှင့်အညီ ပြင်ဆင်ဆောင်ရွက်ထားရှိမှုရှိ/မရှိ မြို့နယ်ကိုဗစ် - ၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များက ယမန်နေ့မွန်းလွဲ ၁ နာရီက ရှောင်တခင် ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။
အိမ်မဲမြို့နယ်တွင် ကိုဗစ်(၁၉)ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပါးစပ်နှာခေါင်းစည်းနှင့် Face Shield Campaign ပြုလုပ်
Dec 08,2020
ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ်တွင် ကိုဗစ်(၁၉)ရောဂါကြိုတင်ကာကွယ်ရေးအတွက် မြို့မစျေးကြီးနှင့်စျေးပတ်ဝန်းကျင်၌ ပါးစပ်နှာခေါင်းစည်းနှင့် Face Shild Campaign ပြလုပ်ခြင်းကို ယနေ့နံနက် ၇ နာရီကဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ငွေဆောင်မြို့၌ နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေးလူထုလှုပ်ရှားမှုစီမံချက်အဖြစ် Mask Campaign ပြုလုပ်ဆောင်ရွက်
Dec 08,2020
ဧရာဝတီ တိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန်နှင့် ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေး အသိပညာပေးအဖြစ် ပါးစပ်နှင့် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေးလူထုလှုပ်ရှားမှု (Mask Campaign)ကို ယနေ့ နံနက် ၇ နာရီက ငွေဆောင်မြို့မစျေးနှင့်အ.ထ.ကငွေဆောင်ကျောင်းရှေ့လမ်းဆုံတို့တွင် ဆောင်ရွက်ခဲ့ကြသည်။
ပုသိမ်မြို့၌ ၂၀၂၀ ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ
Dec 08,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ၂၀၂၀ ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် အတွဲ(၄)၊ အမှတ် (၇)ကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက်ပိုင်းတွင် လူစည်ကားရာနေရာများ၌ ဖြန့်ဝေပေးခဲ့သည်။