သတင်းများ

ကျိုက်မ​ရော၌ ကျား/မ အခြေပြုအကြမ်းဖက်မှုဆိုင်ရာဖြစ်ရပ်စီမံခန့်ခွဲမှု သင်တန်း ဖွင့်လှစ်
Dec 07,2020
မွန်ပြည်နယ် ၊ ကျိုက်မ​ရောမြို့နယ်တွင်  မွန်ပြည်နယ် အမျိုးသမီး ​ကော်မတီ၏ ဦး​ဆောင် မှုဖြင့် ဆောင်ရွက်သည့် ကျား/မ အ​ခြေပြု အကြမ်းဖက်မှု ဆိုင်ရာ ဖြစ်ရပ်စီ မံခန့်ခွဲမှု သင်တန်း ( Case Management on GBV  Training) သင်တန်းဖွင့်ပွဲကို ယ​နေ့နံနက် ၉ နာရီခန့်က အ​ထွေ ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန (​ရွှေဟင်္သာ)ခန်းမ၌ပြုလုပ်ခဲ့သည်။
တနိုင်းမြို့နယ်၌ Facility Qurantine ဝင်ရောက်နေသူ(၃)ဦးအား နှာခေါင်း၊ အာခေါင်တို့ဖတ် ဓာတ်ခွဲနမူနာများရယူ
Dec 07,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်ရှိ မြို့နယ်မနောကွင်းခန်းမ၌ Facility Qurantine ကန့်သတ် ထားရှိသူများအား ကိုဗစ်-၁၉ရောဂါ ရှိ/မရှိ ဓာတ်ခွဲနမူနာများရယူခြင်းကို ယနေ့နံနက် ၇ နာရီအချိန်က ကျန်းမာရေး ဝန်ထမ်းများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများမှ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရေးမြို့၊ ရှေးဟောင်းကျုံးတော်ကြီးရှိ အောက်ကျုံးကို ကျပ်ငွေသန်းပေါင်း (၂၇၈) ကျော်ဖြင့် အကုန်ကျ ခံကာ ပြန်လည်တူးဖော်ခြင်း ဆောင်ရွက်မည်
Dec 07,2020
မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ ရေးမြို့၏ ကျက်သရေဆောင် ရှေးဟောင်းကျုံးတော်ကြီးရှိ အောက်ကျုံးကို ငွေကျပ်သန်းပေါင်း (၂၇၈.၅၄၅) ဖြင့် အကုန်ကျခံကာ ပြန်လည်တူးဖော်သွားမည် ဖြစ်ကြောင်း သိရသည်။
COVID-19 ရောဂါတားဆီးကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်
Dec 07,2020
ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ်၌ Coronavirus Disease 2019 (COVID-19) အသက်ရှူ လမ်းကြောင်း ဆိုင်ရာရောဂါ ကူးစက်ပြန့်ပွားမှု တားဆီးကာကွယ် ထိန်းချုပ်ရေးလုပ်ငန်း များကို အရှိန် အဟုန်မြှင့်တင် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
ထီးလင်းမြို့ အမှတ်(၁)ရပ်ကွက်(ရပ်မကွင်း)၌ မိုးစပါးများ စတင်ရိတ်သိမ်း
Dec 07,2020
ဒေသဝမ်းစာ ဖူလုံရေးနှင့်တောင်သူများအနေဖြင့် သီးထပ်သီးညှပ်များ အချိန်မီ ပြန်လည် ထွန်ယက် စိုက်ပျိုးနိုင်ရေး တို့အတွက် မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့ အမှတ်(၁)ရပ်ကွက်(ရပ်မကွင်း)တွင် တောင်သူများက မိုးစပါးများ စတင် ရိတ်သိမ်းလျက် ရှိကြောင်း သိရသည်။
မြစ်ကြီးနားမြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်စည်း (Mask) တပ်ဆင်ရေး လှုပ်ရှားမှုဆောင်ရွက်
Dec 07,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ကိုဗစ်- ၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်စည်း (Mask)တပ်ဆင်ရေး လှုပ်ရှားမှုကို ယနေ့နံနက် ၇ နာရီခွဲက မြစ်ကြီးနားမြို့ ရှိ ဇီးလွန်ရပ်ကွက် ဈေးတို့တွင် ဆောင်ရွက်ခဲ့ကြသည်။
ဗန်းမောက်မြို့နယ်တွင် မိုးမြေပဲများ စတင်နုတ်သိမ်းပြီး ဆောင်းသီးနှံစိုက်ပျိုးနိုင်ရန် စတင်ပြင်ဆင်
Dec 07,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်တွင် မိုးမြေပဲများ စတင်နုတ်သိမ်း နေပြီဖြစ်ရာ မိုးမြေပဲများက ဆောင်းမြေပဲများလောက် အထွက်နှုန်းမကောင်းခြင်းကြောင့် ယခုနှစ် မိုးမြေပဲစိုက် တောင် သူများ အရှုံးနှင့်ရင်ဆိုင်နေရကြောင်း ကိုင်းကြီးကျေးရွာအုပ်စု၊ ကိုင်းကြီးကျေးရွာ မိုးမြေပဲစိုက်တောင်သူ ဦးခိုင်ဇော်ဝင်းထံက သိရသည်။
ဂန့်ဂေါမြို့၊ အမှတ်(၄)ရပ်ကွက် မြို့ပတ်လမ်းတံတား(၁)မှ စိတ္တသုခလမ်းတံတားအထိ အုတ်စီရေမြောင်း ပြုလုပ်
Dec 07,2020
“အသစ်တည်ဆောက်၊ အဟောင်းပြုပြင်၊ မြို့နယ်စည်ပင်” ဆောင်ပုဒ်နှင့်အညီ ဂန့်ဂေါမြို့နယ် စည်ပင်သာယာရေးအဖွဲ့သည် ရေမြောင်းများပြုပြင်ခြင်း၊ ကွန်ကရစ်လမ်းများအသစ်ပြုလုပ်ခြင်းနှင့် အဟောင်းပြုပြင်ခြင်း၊ လမ်းကူးတံတားများတည်ဆောက်ခြင်း၊ လမ်းပိုင်းအလိုက် ကတ္တရာခင်းခြင်း၊ လမ်းဟောင်းများ ကတ္တရာဖာထေးခြင်းစသည့်လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ကျောတိုက် ရပ်ကွက် မြို့ပတ်လမ်းတံတား(၁)မှ စိတ္တသုခလမ်းတံတားအထိ အုတ်စီရေမြောင်းပြုလုပ်လျက်ရှိသည်။