သတင်းများ

ပြည်မြို့၊ ပြန်/ဆက် ဦးစီးဌာနရုံး ကလေးစာဖတ်ခန်းများအတွက် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး ပစ္စည်းများနှင့် အွန်လိုင်းပုံပြောခြင်း အစီအစဥ်ရိုက်ကူးရေး အထောက်အကူပြု ပစ္စည်းများ လာရောက်လှူဒါန်း
Aug 14,2020
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်ခရိုင်ရုံးနှင့် ခရိုင်အတွင်း မြို့နယ်ရုံးများရှိ ကလေး  စာဖတ်ခန်းများအတွက် ဂျပန်နိုင်ငံ (Shanti Volunteer Association) ရှန်တီစေတနာ့ဝန် ထမ်းအဖွဲ့ (SVA)မှ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးပစ္စည်းများနှင့်
ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဆွေနှင့်အဖွဲ့ အမာမြို့ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နေမှုကို ကွင်းဆင်း စစ်ဆေး
Aug 14,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့သို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဆွေ၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးဘိုဘိုမင်းဇော်နှင့်အဖွဲ့သည် ယနေ့နံနက် ၉ နာရီအချိန်ခန့်တွင် အမာမြို့ရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက် နေမှုကို ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။
သာယာဝတီမြို့တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်ပြသဆောင်ရွက်
Aug 14,2020
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးတွင် သဘာဝဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်ကို ယနေ့ နံနက် ၁၀ နာရီက ပြသဆောင်ရွက်ထားသည်။
လင်းခေးတွင် နယ်လှည့်စာကြည့်တိုက်လုပ်ငန်း ကွင်းဆင်းဆောင်ရွက်
Aug 14,2020
အများပြည်သူတို့ စာပေကို လွယ်လင့်တကူငှားရမ်း ဖတ်ရှုလေ့လာနိုင်ရန်ရည်ရွယ်လျက် ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင် ဦးစီးအရာရှိနှင့် ဝန်ထမ်းများသည် ယနေ့ မွန်းလွဲ ၁ နာရီက လင်းခေးခရိုင်နှင့် မြို့နယ် မီးသတ် တပ်ဖွဲ့ရုံးသို့ သွားရောက်၍ စာအုပ်စာစောင်များ ငှားရမ်းပေးခြင်း၊ စာကြည့်တိုက် အသင်းဝင်များ တိုးပွားရေး လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း တို့ကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။
ရန်ကင်းမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအား နိုင်ငံတော်အစိုးရမှပေးအပ်သည့် ထောက်ပံ့ငွေများ အိမ်တိုင်ရာ ရောက်ပေးအပ်
Aug 14,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်၌ နိုင်ငံတော်အစိုးရမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ကာလအတွင်း ပုံမှန်ဝင်ငွေ မရှိသော ပြည်သူများအား ဆက်လက်ထောက်ပံ့မှု အဖြစ် တစ်အိမ်ထောင်လျှင် ငွေကျပ်(၂၀၀၀၀)နှုန်းဖြင့်  ယမန်နေ့ မွန်းလွဲ (၂)နာရီအချိန် က ထောက်ပံ့ ပေးခဲ့သည်။
ကန်ကြီးထောင့် မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု ၂၅၂၉၉ စုအား ထောက်ပံ့ငွေများ ပေးအပ်
Aug 14,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့် မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစား အိမ်ထောင်စု ၂၅၂၉၉ စုအား ထောက်ပံ့ငွေ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဧရာသီရိသုခခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အုတ်ဖိုမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာစေ့စပ်ညှိနှိုင်းရေးကော်မတီဖွဲ့စည်း
Aug 14,2020
၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်းရေးအတွက် သက်ဆိုင်ရာ ရွေးကောက်ပွဲဆိုင်ရာ စေစပ်ညှိနိုင်းရေးကော်မတီသည် မဲဆွယ်စည်းရုံးရေးကာလတွင်လွှတ်တော် ကိုယ်စားလှယ်လောင်းများ၊ ပါတီများနှင့် ရွေးကောက်ပွဲတွင်
သရက်ခရိုင် အောင်လံမြို့နယ်တွင် ကိုဗစ်-၁၉ကာလအတွင်းပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား အိမ်ထောင်စုတစ်စု လျှင်ငွေ-၂၀၀၀၀နှုန်းထောက်ပံ့ပေးအပ်
Aug 14,2020
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့နယ်တွင် ကိုဗစ်-၁၉ကာလအတွင်းပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားများအား အိမ်ထောင်စုတစ်စုလျှင်ငွေ-၂၀၀၀၀နှုန်းထောက်ပံ့ပေးအပ်မှုကို ယနေ့ နံနက်(၁၁) နာရီက စတင်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများမှ ကြီးကြပ်၍ ရပ်ကွက်၊ ကျေးရွာများ အထိသွား ရောက် ထောက်ပံပေးအပ်ခဲ့ကြောင်းသိရသည်။