သတင်းများ

တာလေမြို့၌ ကျေးလက်နေပြည်သူများ ဒေသထွက်သဘာဝဝါးမျှစ်များ ဈေးကောင်းရောင်းချရ၍ မိသားစုဝင်ငွေရရှိ
Aug 06,2020
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့တွင် ဒေသထွက်ရာသီစာဖြစ်သည့် သဘာဝဝါးမျှစ်များ လူကြိုက် များ၍ ရောင်းအားသွက်ပြီး မိသားစုဝင်ငွေ ရရှိလျက်ရှိကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့တွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP)ရန်ပုံငွေများ လွှဲပြောင်းပေးအပ်
Aug 06,2020
စစ်ကိုင်းတိုင်းဒေသကြီး၊တမူးမြို့တွင် ကျေးရွာမတည်ရန်ပုံငွေ(VRFP) စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာများသို့ ရန်ပုံငွေများလွှဲပြောင်းပေးအပ်ခြင်းကို ယနေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
လောက်ကိုင်မြို့နယ်တွင် မိုးစပါးမျိုးစေ့ထုတ် စိုက်ပျိုးရေး တောင်သူပညာ ပေးဆွေးနွေးပွဲ ပြုလုပ်
Aug 06,2020
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ လောက်ကိုင်မြို့နယ် ၊ ထင်ပါကျိုင်းအုပ်စု၊ ဆီအော ကျေးရွာ တွင် မိုးစပါးမျိုးစေ့ ထုတ် စိုက်ပျိုးရေး တောင်သူပညာပေး ဆွေး နွေးပွဲ ကို ယမန်နေ့ နံနက် က ဆီအော ကျေးရွာ ဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။
လေးမျက်နှာမြို့နယ်တွင် ကမ်းပြိုပြောင်းရွှေ့ အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေ ပေးအပ်
Aug 06,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ သောင်ဘုတ်ကျေးရွာအုပ်စု၊ သောင်ဘုတ်ကျေး ရွာတွင် ဇူလိုင် ၃၀ ရက်နေ့က ငဝန်မြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုပြောင်းရွှေ့ အိမ်ထောင်စုများအတွက် ဟင်္သာတ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ယမန်နေ့ နေ့လယ် ၁၂ နာရီခွဲတွင် ထောက်ပံ့ငွေများကို အိမ်တိုင်ရာရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မချမ်းဘော့၌ ကိုဗစ်-၁၉ ရောဂါ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်းနှင့် Mask များ အခမဲ့ဖြန့်ဝေ
Aug 06,2020
ကချင်ပြည်နယ် ပူတာအိုခရိုင် မချမ်းဘော့မြို့နယ် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရန်နှင့် ရောဂါကူးစက်ပျံ့နှံ့မှုမဖြစ်ပေါ်စေရန် ရည်ရွယ်၍ မချမ်းဘော့မြို့မဈေးတွင် ယနေ့ နံနက် (၆)နာရီတွင် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် Mask များအခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်းသိရသည်။
ဓနုဖြူမြို့နယ်၌ ဆန္ဒမဲစာရင်းတွင်အချက်အလက်မှန်ကန်စွာပါဝင်နိုင်စေရေး တစ်အိမ်တက်ဆင်း လိုက်လံဆောင်ရွက်
Aug 06,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၌ မဲစာရင်းလာရောက်မကြည့်ရှုနိုင်သည့် ပြည်သူများအား ဆန္ဒမဲစာရင်းတွင် အချက်အလက်မှန်ကန်စွာ ပါဝင်နိုင်ရေးအတွက် ရပ်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲဝင်များက ယနေ့နံနက် ၇ နာရီက တမြာကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာများသို့ တစ်အိမ်တက်ဆင်း လိုက်လံဆောင်ရွက်ပေးလျက်ရှိသည်။
ဝန်းသိုမြို့၌ စော်ဘွားကြီးဦးအောင်မြတ်(စစ်သူကြီးဝတ်စုံ)ရုပ်တုသစ်အား စတင်ဆောင်ရွက်
Aug 06,2020
၁၈၈၅ ခုနှစ် သီပေါမင်း ပါတော်မူပြီးချိန်ကာလ နယ်ချဲ့အင်္ဂလိပ်နယ်တို့ကို ၇ နှစ်တိုင်တိုင် ရွှပ်ရွှပ်ချွံချွံတွန်း လှန်တိုက်ခိုက်ခဲ့သည့် ဝန်းသိုစော်ဘွားကြီး ဦးအောင်မြတ်အား ဂုဏ်ပြုသောအားဖြင့် စစ်ကိုင်း တိုင်းဒေသကြီး ဝန်းသိုမြို့နယ် ဝန်းသို-ကျောက်တန်း မြို့ထွက်လမ်းဘေးတွင် စော်ဘွားကြီးဦးအောင်မြတ် ရုပ်ထုသစ် ထားရှိသွားမည့်ဖြစ်ရာ ယနေ့နံနက်ပိုင်းမှစတင်၍ အောက်ခံဖောင်ဒေးရှင်းပေါ်သို့ တပ်ဆင်ခြင်း လုပ်ငန်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကသာခရိုင်အတွင်းရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများအား ဘဏ္ဍာရေးဆိုင်ရာ ငွေစာရင်းထိန်းသိမ်းနည်း သင်တန်းဖွင့်လှစ်ပို့ချ
Aug 06,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်အတွင်းရှိ မြို့နယ်ရုံးများမှ ဝန်ထမ်း များအား ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းစည်းမျဉ်း စည်းကမ်းများကို သေချာစွာသိရှိနားလည်ပြီး စွမ်းဆောင်ရည် တိုးတက် မြင့်မားလာစေရန် ရည်ရွယ်၍ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်း စည်းမျဉ်းစည်းကမ်းငွေစာရင်းထိန်းသိမ်းနည်း သင်တန်း ကို ဩဂုတ်လ(၅)ရက်နေ့က ကသာ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနရုံးခန်းမ၌ စတင်ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။