သတင်းများ

ပျဉ်းမနားမြို့နယ်တွင် ကျေးလက်ကုန်ထုတ်လမ်းနှင့် ရေပေးရေးလုပ်ငန်းများ လွှဲပြောင်းပေးအပ်ပွဲကျင်းပ
Aug 06,2020
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ပျဉ်းမနားမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုး ရေးဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ခွင့်ပြု ရန်ပုံငွေ ဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဆောင်ရွက်ခဲ့သည့် ကျေးလက်ကုန်ထုတ်လမ်းများနှင့် ကျေးလက်ရေပေးရေးလုပ်ငန်းများ လွှဲပြောင်းပေး အပ်ပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက ပျဉ်းမနားမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။
ဘိုကလေးမြို့နယ်တွင် အာဖရိကဝက်အပြင်းဖျားရောဂါ ကာကွယ်ရေး အသိပညာပေး ဆိုင်းဘုတ်စိုက်ထူ
Aug 06,2020
ဒေသအနှံ့အပြားတွင် အာဖရိကဝက်အပြင်းဖျားရောဂါကြောင့် ဝက်များ အစုလိုက် အပြုံလိုက် သေဆုံးမှုဖြစ်ပွားလျက်ရှိရာ တစ်နိုင်တစ်ပိုင် ဝက်မွေးမြူသူများ၊ ဝက်မွေးမြူရေး သမားများ၊ ဝက်လုပ်ငန်း လုပ်ကိုင်သူများ အနေဖြင့် စီးပွားရေးထိခိုက်မှု မရှိစေရေးနှင့် ရောဂါ ပျံ့နှံ့ကူးစက်မှု မရှိစေရေးအတွက် ယနေ့နံနက်(၉)နာရီခန့်တွင် ဧရာဝတီတိုင်း ဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့မှ ၎င်းတို့အဖွဲ့ပိုင် စည်ပင်သာယာရေးဈေးများအတွင်း အာဖရိက ဝက်အပြင်းဖျားရောဂါ ကာကွယ်ရေး အသိပညာပေး ဆိုင်းဘုတ်များ စိုက်ထူခဲ့ကြသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စက်မှုကုန်ကြမ်းသီးနှံ ဝါစိုက်ဧက တိုးတက်လာစေရေး လုပ်ဆောင်
Aug 06,2020
ဝါသီးနှံစိုက်ဧကများ တိုးတက်လာစေရေး ဝါစိုက်တောင်သူများကို အသိပညာပေးခြင်းနှင့် အထွက်နှုန်း ကောင်းမွန်သည့် မျိုးများဖြင့်စိုက်ပျိုးထားသော စိုက်ခင်းများအား ကွင်းသရုပ်ပြပွဲများ လုပ်ဆောင်ပေးလျက်ရှိကြောင်း စစ်ကိုင်း တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီးဦးစီးဌာန ဦးထွန်းရှိန် ၏ ပြောကြားချက် များအရ သိရသည်။
ရိခေါ်ဒါရ်မြို့ အမှတ်(၂)ရပ်ကွက်ရှိ ဇောတိကလမ်း ကွန်ကရစ်ခင်းကျင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး
Aug 06,2020
ချင်းပြည်နယ်မြောက်ပိုင်း၊ မြန်မာ-အိန္ဒိယနှစ်နိုင်ငံနယ်စပ်မြို့ဖြစ်သည့် ရိခေါ်ဒါရ်မြို့၊ အမှတ်(၂) ရပ်ကွက်ရှိ ရပ်ကွက်ပြည်သူများ အသုံးပြုမှုများပြားပြီး အဓိကလမ်းမ တစ်ခုဖြစ်သည့် ဇောတိကလမ်း ကွန်ကရစ်ခင်းကျင်းခြင်းလုပ်ငန်းကို စည်ပင်သာယာရေးအဖွဲ့ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် သတ်မှတ်ထားသည့် စီမံကိန်းကာလအတွင်း လုပ်ငန်းရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။
မကွေးခရိုင် မြို့သစ်မြို့နယ်တွင် မိုးသည်းထန်းစွာရွာသွန်းမှုကြောင့် မြို့လုလင်ဘူတာနှင့် မြို့သစ်မြို့ဘူတာကြား ပုတီးကုန်းကျေးရွာအနီး ရထားလမ်းပျက်စီးကာ ခရီးသည်များ ခရီးကြန့်ကြာမှုဖြစ်ပေါ်
Aug 06,2020
မကွေးခရိုင်၊ မြို့သစ်မြို့နယ် မြို့လုလင်ဘူတာနှင့် မြို့သစ်မြို့ဘူတာအကြား ရထားလမ်းမိုင် တိုင်အမှတ် ၃၀၃ /၂-၃ ကြား ပုတီးကုန်းကျေးရွာအနီးရှိ မီးရထားသံလမ်းမှာ မိုးအဆက် မပြတ်သည်း ထန်းစွာ ရွာသွန်းမှုကြောင့် ရထားလမ်းအား မိုးရေတိုက်စားကာ ရထား သံလမ်း ၏ ဇလီဖားတုံး များ ပြုတ်ထွက်ပြီး ရထားလမ်းအောက်ခံမြေသားဘောင်မှာ (၁၄) ပေခန့် ရေ တိုက်စား ပျက်စီး သွားခဲ့သဖြင့် မီးရထားပေါ်လိုက်ပါလာသည့် ခရီးသွား ပြည်သူများ အချိန်(၄) နာရီကျော်ခန့် ခရီးကြန့်ကြာသွား ခဲ့ကြောင်း မြို့လုလင်ဘူတာရုံပိုင်ထံမှ သိရသည်။
မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ကျေးရွာ(၄)ရွာရှိ စိုက်ဧက(၂၀၀)တွင် (CERP)အရ စပါးမျိုးစေ့ ထုတ်စိုက်ခင်းများစိုက်ပျိုး
Aug 06,2020
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ကိုဗစ်-၁၉ (CERP) အစီအစဉ်အရ စပါးမျိုးစေ့မျိုးသန့်များ ရရှိစေရန်၊ ရေမြေဒေသနှင့်ကိုက်ညီသည့် အရည်အသွေးမြင့် စပါးမျိုးကောင်းမျိုးသန့်များရရှိစေရန်၊ နှင့် တစ်ဧက ထွက်နှုန်းတိုးတက်စေရေးအတွက် မျိုးသန့်မျိုးပွားမျိုးစေ့(RS)ကိုအသုံးပြုပြီး မျိုးသန့်မျိုးစေ့ (CS)ကို ရရှိပြီးအသွေးပြည့်မီစေရန် အတွက် ချောင်းဆုံမြို့နယ်မျိုးစေ့ထုတ်ဧက(၂၀၀)ကို ယခုနှစ်မိုး ရာသီတွင် စိုက်ပျိုးထားရှိကြောင်း မြို့နယ်စိုက်ပျိုရေးဦးစီးဌာနမှ သိရသည်။
ဗန်းမောက်မြို့၌ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ဆောင်ရွက်ရန် ငွေကျပ်သိန်း ၂၁၀၀ ပေးအပ်
Aug 06,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်‌ရေး ဦးစီးဌာနမှ အကောင်းအထည်ဖော် ဆောင်ရွက်လျက်ရှိသော ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ် အရ ကျေးလက်ဒေသနေ မိသားစုများ ဝင်‌ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရန်အတွက် ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း ဆောင်ရွက်မည့် ကျေးရွာ ၉ ရွာအတွက် ရန်ပုံငွေကျပ်သိန်း ၂၁၀၀ ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခမ်းမတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီက လွှဲပြောင်းပေးအပ်ခဲ့သည်။
မင်းဘူးမြို့ရှိ တမာတန်းလမ်းကို ပြည်သူထည့်ဝင်ငွေနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ခွင့်ပြုရန်ပုံငွေပူးပေါင်း၍ ကွန်ကရစ်လမ်းခင်း
Aug 06,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့တွင် ပြည်သူထည့်ဝင်ငွေနှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာ နှစ်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ခွင့်ပြုရန်ပုံငွေတို့ဖြင့် ပူးပေါင်း၍ တမာတန်းလမ်းကို ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံ မှ သိရသည်။