သတင်းများ

သာယာဝတီ၌ အကျိုးဆောင်တောင်သူ ဖွံ့ဖြိုးတိုးတက်ရေးသင်တန်းဖွင့်လှစ်
Aug 06,2020
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် အင်းရွာတောင်သူလယ်သမားသင်တန်းကျောင်းခန်းမ၌ အကျိုးဆောင် တောင်သူ ဖွံ့ဖြိုးတိုးတက်ရေးသင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။
မိုင်းပျဉ်းမြို့၌ ကျေးရွာမတည်ရန်ပုံငွေ (VRFP) စီမံကိန်းရန်ပုံငွေလွှဲပြောင်း ပေးအပ်ပွဲ နှင့် Cash For Work စီမံကိန်းတာဝန်ပေးအပ်ပွဲအခမ်းအနားကျင်းပ
Aug 06,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ ကျေးရွာ မတည် ရန်ပုံငွေ (VRFP) စီမံကိန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲနှင့် Cash For Work စီမံကိန်း တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀နာရီက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ကော့ကရိတ်မြို့ မြေစိုက်နံရံကပ်ပြဘုတ်တွင် နိုင်ငံ​တော်အကြီးအကဲများ၏လှုပ်ရှား​ဆောင်ရွက်မှုမှတ်တမ်းများနှင့်​ ရွေး​ကောက်ပွဲအ​ကြောင်းသိ​​ကောင်းစရာများပြသ​ဆောင်ရွက်ထား
Aug 06,2020
ကရင်ပြည်နယ်၊​ ကော့ကရိတ်မြို့ ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနရှိ ရုံး​ရှေ့​မြေစိုက်နံရံကပ်ပြဘုတ်တွင် ပြည်သူများ အသိပညာဗဟုသုတရရှိ​စေ​ရေး အတွက် နိုင်ငံ​တော်အကြီးအကဲများ၏ တိုင်းကျိုးပြည်ပြုလှုပ်ရှား​ဆောင်ရွက်မှုမှတ်တမ်းများ၊ ၂၀၂၀ ပြည့်နှစ် အ​ထွေ​ထွေ​ရွေး​ကောက်ပွဲအ​ကြောင်းသိ​ကောင်းစရာများ မြို့နယ်လှုပ်ရှား​ဆောင်ရွက်မှုမှတ်တမ်းများကို ပြသ​ဆောင်ရွက်​ထားသည်။
ခရမ်းမြို့နယ် OSS အဖွဲ့မှ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများထဲမှ နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများအား ကွင်းဆင်းဆောင်ရွက်
Aug 06,2020
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် OSS အဖွဲ့မှ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဆိုင်ရာဦးစီးဌာနရုံးနှင့် ပူး‌ပေါင်း၍ ၂ဝ၂ဝ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူများထဲမှ နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ရန် လိုအပ်သူများကို ယနေ့နံနက်ပိုင်းက ခရမ်းမြို့နယ် ပန်းတောချောင်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ ကြသည်။
ကရင်ပြည်နယ် ကော့ကရိတ်မြို့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် အနိမ့်ပိုင်းရပ်ကွက်အချို့ရေဝင်ရောက်
Aug 06,2020
ကရင်ပြည်နယ် ကော့ကရိတ်မြို့တွင် သြဂုတ် ၂ ရက်နေ့မှစ၍ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် အနိမ့်ပိုင်းရပ်ကွက်အချို့၏နေအိမ်များ ရေဝင်ရောက်လျက်ရှိကြောင်း သိရသည်။
ကျိုက်ဒုံမြို့မဈေးတွင် အာဖရိကအပြင်းဖျားဝက်ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်စေရေး စစ်ဆေးဆောင်ရွက်
Aug 06,2020
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံမြို့တွင် ယနေ့ နံနက် ၇ နာရီက ဒေသတွင်​ နေထိုင်သည့်ပြည်သူများ ကျန်းမာရေးနှင့် ညီညွှတ်စွာ ဝယ်ယူစားသုံးနိုင်စေရေးအတွက် ကျိုက်ဒုံမြို့မဈေးတွင် အသားငါးစစ်ဆေးမှုများစစ်ဆေးဆောင်ရွက်ခဲ့သည်။
ဒီးမော့ဆိုတွင် ဆေးလိပ်ငွေ့ကင်းစင် ထူထောင်ရေးလုပ်ငန်းများ ညှိနှိုင်းအစည်းအဝေးကျင်းပ
Aug 06,2020
ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဒီးမော့ဆိုမြို့နယ်တွင် ဆေးလိပ်ငွေ့ကင်းစင်သော တက္ကသိုလ်များ၊ ကောလိပ်များ၊ အခြေခံပညာ ကျောင်းများ ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ညှိနှိုင်းအစည်းအဝေးတစ်ရပ်ကို ယနေ့ နံနက် ၉ နာရီခွဲက မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
မှော်ဘီမြို့နယ်၌ ရေစီးရေလာကောင်းမွန်ရေးအတွက်ဆောင်ရွက်
Aug 06,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်အမှတ်(၄)ရပ်ကွက်၊ ဘူတာကွေ့ရှိ ရန်ကုန်-ပြည်လမ်းပေါ်တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် နှစ်စဉ်နှစ်တိုင်း ရေကျော်မှုများ ဖြစ်ပွား လျက်ရှိသည်။