သတင်းများ

လူထုစက်ဘီးစီးပွဲတော် တာချီလိတ်မြို့တွင်ကျင်းပ
Feb 24,2020
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် MTB Tachileik တို့ ပူးပေါင်း၍ "ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်နယ်တခွင်" ​ခေါင်းစဉ်အောက်ရှိ လူထု စက်ဘီးစီးပွဲတော်အား တာချီလိတ်မြို့တာလော့ရပ်ကွက် မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား (၁) ထိပ်မှစတင်၍ ယမန်နေ့ မနက် ၆ နာရီအချိန်၌ ကျင်းပပြုလုပ်ခဲ့သည်။
မင်းဘူး(စကု)မြို့နယ် နန်းတော်ကုန်းကျေးရွာ တောင်ပေါ်ရတနာဒီပံဓမ္မစကူးလ် ဗုဒ္ဓဘာသာ သင်တန်း သင်ယူပြီးမြောက်ကြောင်းနှင့် သင်တန်းဆင်းလက်မှတ် ပေးအပ်ပွဲအခမ်းအနားကျင်းပ
Feb 24,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ် နန်းတော်ကုန်းကျေးရွာအုပ်စု၊ တောင်ပေါ် ဦးနက္ခတ်ဘုရားဓမ္မာရုံ၌ ရတနာဒီပံဓမ္မစကူးလ် ဗုဒ္ဓဘာသာ သင်တန်းကျောင်း သင်ယူ ပြီးမြောက်ကြောင်းနှင့် သင်တန်း ဆင်းလက်မှတ် ပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
ကသာမြို့နယ်၊ သိမ်အင်းကျေးရွာတွင် စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲနှင့် စာအုပ်လှူဒါန်းပွဲ ကျင်းပပြုလုပ်
Feb 24,2020
စစ်ကိုင်းတိုင်း‌ဒေသကြီး၊ ကသာမြို့နယ် စာရေးဆရာအသင်းမှ ကြီးမှူးကျင်းပသည့် သိမ်အင်းကျေးရွာရှိ "ရောင်ခြည်ဦး" စာကြည့်တိုက်အတွက် စာအုပ်စာစောင်များ လှူဒါန်းပွဲနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲကို ‌ယမန်နေ့မွန်းလွဲ (၁) နာရီအချိန်က သိမ်အင်းကျေးရွာ အမှတ် (၇၅) အခြေခံပညာ မူလတန်းကျောင်း၌ ကျင်းပပြုလုပ်သည်။
ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်
Feb 24,2020
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်တွင် ပြည်သူများမှ ကိုရိုနာဗိုင်းရပ်ရောဂါ ကူးဆက်ပြန့်ပွားမှု မရှိစေရေးအတွက် ကြိုတင်တားဆီး ကာကွယ်ရေးလုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်း (၁၀) နာရီအချိန်တွင် နမ့်ခမ်းမြို့နယ်အတွင်း ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဂန့်ဂေါမြို့နယ် ရေရှင်ကျေးရွာတွင် စာဖတ်ဝိုင်းကျင်းပ
Feb 24,2020
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ ရေရှင်ကျေးရွာ ဘုန်းကြီးကျောင်းရှိ သဒ္ဓမ္မဇောတိက ဓမ္မဗိမာန်၌ ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျေးရွာရှိ စာပေချစ်မြတ်နိုးသူများ၊ ခရိုင်ပြန်ဆက်၏ စာပေချစ်မြတ်နိုးသူများအသင်း( Book Club ) နှင့် (Youth Club)တို့က စာရေးဆရာမ နှင်းနွယ် (ကလေး)၏ " ရင်ဘတ်နှင့် ဖြတ်ကျော်ခြင်း" ဘဝထဲကဆောင်းပါးများ စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပခဲ့သည်။
ကျေးလက်ကျန်းမာရေးဌာနခွဲ စံကိုက်ဆေးခန်းသစ်ဖွင့်ပွဲ အခမ်းအနား ဆောမြို့နယ် ကျောက်ဆွဲ ကျေးရွာတွင် ကျင်းပ
Feb 24,2020
မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ်၊ ကျောက်ဆွဲကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာခွဲ စံကိုက် ဆေးခန်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက ကျင်းပပြုလုပ်သည်။
အလင်းစေတမန် ကျောင်းစာကြည့်တိုက်ဖွင့်ပွဲပြုလုပ်
Feb 24,2020
အလင်းစေတမာန် ကျောင်းစာကြည့်တိုက်ဖွင့်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ဂန့်ဂေါမြို့နယ် ရေရှင်ကျေးရွာ အထက်တန်းကျောင်း(ခွဲ)၌ပြုလုပ်ရာ အလင်းစေတမာန် ကျောင်းစာကြည့်တိုက်ကို ဉူးဇင်းပါမောက္ခ၊ ဉူးဇင်းဉာဏဝရ၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးမြင့်၊ စာရေးဆရာမ နှင်းနွယ်နှင့် စာရေးဆရာမ အကြင်သူ(ယောမြေ)တို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ကြသည်။
မှုခင်းများ လျော့နည်းကျဆင်းရေး အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်
Feb 24,2020
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ မကာဟိုခမ်း ရပ်ကွက်ရှိ မြို့နယ်ဓမ္မာရုံတွင် ယမန်နေ့ နေ့လည် ၁ နာရီအချိန်၌ ခရိုင်၊ မြို့နယ်၊ မြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက မှုခင်းများ လျှော့နည်း ကျဆင်းရေး အသိပညာပေး ဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။