သတင်းများ

ကရင်ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့မှ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၏ (၂၁)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး ထပ်ဆင့်ရှင်းလင်းပွဲ အခမ်းအနား ကျင်းပ
Dec 13,2025
ကရင်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့မှ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၏ (၂၁)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးထပ်ဆင့်ရှင်းလင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက၊ ဘားအံမြို့ ဇွဲကပင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရသည်။
ကျိုက်လတ်မြို့နယ်၌ အာဟာရနှင့်ကျန်းမာရေးဆိုင်ရာ အမူအကျင့်ပြောင်းလဲရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ
Dec 13,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှကြီးမှူးကျင်းပသည့် အာဟာရနှင့်ကျန်းမာရေးဆိုင်ရာ အမူအကျင့်ပြောင်းလဲရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက အမှတ်(၅)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်သည် ရှမ်းပြည်နယ်(တောင်ပိုင်း) အခြေခံပညာဦးစီးဌာန အရာထမ်း၊အမှုထမ်းများနှင့် တွေ့ဆုံ
Dec 13,2025
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်သည် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ အရာထမ်း၊အမှုထမ်းများနှင့်တွေ့ဆုံပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက တောင်ကြီးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ဒေါ်ခင်သိန်းခန်းမ၌ ပြုလုပ်ခဲ့သည်။
ကော့သောင်းမြို့၌ ဌာနဆိုင်ရာပေါင်းစုံ ဖူဆယ်ဘောလုံးအားကစားပြိုင်ပွဲ ဗိုလ်လုပွဲကျင်းပ
Dec 13,2025
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ဒီဇင်ဘာအားကစားလ ကိုယ်လက်လှုပ်ရှားခြင်းဖြင့် ကျန်းမာကြံ့ခိုင်မှုရှိစေရန်နှင့် ချစ်ကြည်ရင်းနှီးမှုရှိစေရန်အတွက် ဌာနဆိုင်ရာပေါင်းစုံ ဖူဆယ်ဘောလုံးအားကစားပြိုင်ပွဲဗိုလ်လုပွဲကို ယမန်နေ့ ည‌ (၆) နာရီက နဝရတ်အားကစားခန်းမ၌ ကျင်းပခဲ့သည်။
ပုဇွန်တောင်မြို့နယ်၌ ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနား ကျင်းပ
Dec 13,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်အတွင်း ဒေသအသီးသီးမှ ယာယီနေရပ်စွန့်ခွာပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ၊ သြဂုတ်လနှင့် စက်တင်ဘာလ (၃)လစာ အတွက် တစ်ဦးလျှင် ငွေကျပ် ၆၀,၀၀၀/ နှုန်းဖြင့် ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က အမှတ်(၁၀) ရပ်ကွက်ရှိ အမှတ်(၄)အခြေခံပညာမူလတန်းကျောင်း တေဇခန်းမ၌ ကျင်းပခဲ့သည်။
ပုံပါကျင်မြို့ အခြေခံပညာအထက်တန်းကျောင်း(ပုံပါကျင်)သို့ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်ပြပွဲ၊ ဓာတ်ပုံပြပွဲနှင့် အသိပညာပေးဟောပြောပွဲလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Dec 13,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ယမန်နေ့ နံနက် (၁၀)နာရီက အ.ထ.က(ပုံပါကျင်)သို့ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်ပြပွဲနှင့် အသိပညာပေးဟောပြောပွဲလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
 တနင်္သာရီမြို့နယ်တွင် ဌာနဆိုင်ရာဝန်ထမ်းများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဖြင့် ဆန္ဒမဲပေးခြင်း အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းဆောင်ရွက်
Dec 13,2025
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများအား မြန်မာ အီလက်ထရောနစ်မဲပေးစက် (MEVM)ဖြင့် ဆန္ဒမဲပေးခြင်း အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ် မဲပေးခြင်းကို ယမန်နေ့နေ့လယ်(၁)နာရီအချိန်က ချောင်းငယ်ရပ်ကွက်ရှိ သုခချမ်းသာဓမ္မာရုံတွင် ကျင်းပသည်။
အီလက်ထရောနစ်မဲပေးစက်ထုတ်ယူခြင်း၊ lnstallation ပြုလုပ်ခြင်းနှင့် စက်စမ်းသပ်ခြင်း သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်း ကျင်းပပြုလုပ်
Dec 13,2025
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်အတွင်းရှိ အ.ထ.က(၆) ဗိုလ်တထောင်၊ အောင်ကျော်ခန်းမတွင် မြန်မာအီလက်ထရောနစ်မဲပေးစက်များ ထုတ်ယူခြင်း၊ lnstallation ပြုလုပ်ခြင်းနှင့် စက်စမ်းသပ်ခြင်း သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းအား ဒီဇင်ဘာ ၁၁ ရက်နေ့ ညနေ ၄နာရီခွဲက ကျင်းပခဲ့သည်။