သတင်းများ

ရွှေကျင်မြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်ကြေညာ
Jun 29,2026
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းများကို အ-ထ-က(ရွှေကျင်)ကျောင်း၌  ယမန်နေ့ နံနက်ပိုင်းက ထုတ်ပြန် ကြေညာပေးခဲ့ကြောင်း သိရသည်။
ပေါင်မြို့နယ်၌ ငါးမျိုးစိုက်ထည့်ပွဲ အခမ်းအနားကျင်းပ
Jun 29,2026
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ငါးမျိုးစိုက်ထည့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ဖြူဘ - သဲကုန်း ကားလမ်းဘေးရှိ ရင်းငြိမ်ချောင်းအတွင်းသို့ စီးဝင်သည့် ဖြူဘကျေးရွာတူးမြောင်း၌ ကျင်းပခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်လင်းအောင်နှင့် အဖွဲ့ဝင်များ၊ သထုံခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးစိုးဝင်း၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ ၊အမျိုးသမီးရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်နွေးနွေးနှင့်အဖွဲ့ဝင်များ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
“ရွှေရောင်သမိုင်း”လူမှုကယ်ဆယ်ရေးအသင်း(၁၁)နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ် စေတနာ့ဝန်ထမ်း အသင်းဝင်များအား ဂုဏ်ပြုပွဲကျင်းပ
Jun 29,2026
“ရွှေရောင်သမိုင်း” လူမှုကယ်ဆယ်ရေးအသင်း (၁၁)နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ် စေတနာ့ဝန်ထမ်း အသင်းဝင်များအား ဂုဏ်ပြုပွဲကို ယမန်​နေ့ မွန်းလွဲပိုင်းက ရန်ကုန် တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အထက်ဗဟိုလမ်းရှိ ပေါ်တော်မူဓမ္မဗိမာန်ခန်းမ၌ ကျင်းပသည်။
အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ် အမျိုးသမီးအားကစား Fitness Dance ပြိုင်ပွဲ ကျင်းပ
Jun 29,2026
အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံ အမျိုးသမီးအားကစားအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသည့် ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့ အထိမ်းအမှတ် အမျိုးသမီးအားကစား Fitness Dance ပြိုင်ပွဲဖွင့်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ ၊ တာမွေမြို့နယ် ၊ ကျိုက္ကဆံအားကစားကွင်းရှိ ပြည်ထောင်စုခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံ အမျိုးသမီးအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်ခင်လေး၊ ဒုတိယဥက္ကဋ္ဌများ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီးဦးထွန်းထွန်းဦး ၊ အဖွဲ့ချုပ် အတွင်းရေးမှူးနှင့် အမှုဆောင်များ ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှ ကျောင်းသူများ ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်ကြသည်။
မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ဇူလိုင်လ(၃)ရက်နေ့တွင်ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲအခမ်းအနား ကျင်းပ
Jun 29,2026
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ စံပြဖဆပလရပ်ကွက်၊ မြဝတီအိမ်ရာဝန်းတွင် ယမန်နေ့နံနက် (၉)နာရီအချိန်က မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပခဲ့သည်။
မိုးညိုမြို့နယ်၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်
Jun 29,2026
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်(အကြို) လူကုန်ကူးမှု တားဆီး ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်
ရွှေတောင်မြို့နယ်၌ မိုးနှမ်း လျာထားဧက (၃၅၈၇)ဧက အထက် (၃၇၄၅) ဧက စိုက်ပျိုးပြီးစီး
Jun 29,2026
ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်တွင် ဆီထွက်သီးနှံမျိုးစုံကို ရာသီအလိုက် စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ယခုနှစ်တွင်လည်း မိုးနှမ်း လျာထားဧက (၃၅၈၇)ဧက အထက် (၃၇၄၅) ဧကကို စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ဘားအံမြို့တွင်မြန်မာနိုင်ငံဂီတနေ့အထိမ်းအမှတ်အခမ်းအနားကျင်းပ
Jun 28,2026
ကရင်ပြည်နယ် ဘားအံမြို့တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် မြန်မာနိုင်ငံဂီတနေ့အထိမ်းအမှတ်အခမ်းအနားကို ဇွန်၂၇ ရက်နံနက်ပိုင်းက ဘားအံမြို့၊ဇွဲကပင်ခန်းမတွင် ကျင်းပသည်။