သာယာဝတီမြို့နယ်တွင် မြစ်မခမြစ် သဘာဝရေပြင်အတွင်းသို့ ငါးမျိုးစိုက်ထည့်
Jun 29,2026
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီးအတွင်း ငါးသယံဇာတပေါများကြွယ်ဝစေရေး၊ ငါးရိက္ခာဖူလုံစေရေး၊ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း ပေါများစေရေး စသည့်ရည်ရွယ်ချက်ဖြင့် ခရိုင်ငါးလုပ်ငန်းဦးစီးဌာနက သာယာဝတီမြို့ ဖိုးခေါင်-စံရွေးဆက်သွယ်ထားသော မြစ်မခမြစ်ကူးတံတားအနီးရှိ မြစ်မခမြစ် သဘာဝရေပြင်အတွင်းသို့ ယမန်နေ့နံနက် ၉ နာရီက ငါးမြစ်ချင်းနှင့် ငါးခုံးမသားပေါက်ကောင်ရေ (၁၅၀၀၀၀)ကို ငါးမျိုးစိုက်ထည့်ခဲ့သည်။