သတင်းများ

ရန်ကုန်မြို့စည်ပင်သာယာရေးလုပ်ငန်းများအား မြို့တော်ဝန်စစ်ဆေး
Jun 28,2026
‎ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်)  ဦးမျိုးမြင့်အောင်သည် အတွင်းရေးမှူး ဦးချိုထွန်းအောင်၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က စည်ပင်သာယာလုပ်ငန်းများ  ကြည့်ရှုစစ်ဆေးသည်။
ဇမ္ဗူသီရိမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက် ၅၀ ဒသမ ၆ ရာခိုင်နှုန်းဖြင့် အောင်မြင်
Jun 28,2026
၂၀၂၅ - ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း များကို ယနေ့ နံနက် ၆ နာရီ က ထုတ်ပြန်ကြေညာရာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်အတွင်း ၅၀ ဒသမ ၆ ရာခိုင်နှုန်းဖြင့် အောင်မြင်ခဲ့ကြောင်းသိရသည်။
ကျိုက်ထိုမြို့နယ်၌တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဂုဏ်ထူးရရှိသူ (၁၂၃)ဦးရှိပြီး အောင်မြင်သူ (၅၆၉)ဦးရှိ
Jun 28,2026
မွန်ပြည်နယ် ကျိုက်ထိုခရိုင် ကျိုက်ထိုမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းကို ယနေ့ နံနက် ၄ နာရီမှစတင်၍ မြို့နယ်ပညာ‌ရေးမှူးရုံးနှင့် စာစစ်ဌာနများ၌ ထုတ်ပြန်ရာ ကျိုက်ထိုမြို့ နယ်အတွင်း၌ ဂုဏ်ထူးရရှိသူ(၁၂၃)ဦးရှိပြီး အောင်မြင်သူ (၅၆၉)ဦး  ရှိကြောင်း သိရသည်။
မွန်ပြည်နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်ရာနှုန်း ပထမဆင့် ဘီးလင်းမြို့နယ်ရရှိ
Jun 28,2026
မွန်ပြည်နယ် ဘီးလင်းမြို့နယ်၌ ၂၀၂၆ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယနေ့ နံနက်ပိုင်းတွင်  ထုတ်ပြန်ခဲ့ရာ  ဘီးလင်းမြို့နယ်၌ တက္ကသိုလ်ဝင်စာ‌မေးပွဲ အောင်မြင်သူ  ၄၆၀၊ စုစုပေါင်းအောင်မြင်မှု ၆၅ ဒသမ ၆၂ ရာခိုင်နှုန်းဖြင့် မွန်ပြည်နယ်တွင် အောင်မြင်မှုရာခိုင်နှုန်း ပထမဆင့်ရရှိခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံး တာဝန်ရှိသူတစ်ဦးထံမှသိရသည်။
ပန်းတနော်မြို့နယ်ရှိ စာစစ်ဌာနများ၌ ၂ဝ၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ကြေညာ
Jun 28,2026
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ်တွင် ၂၀၂၆ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းများကို  သက်ဆိုင်ရာ စာစစ်ဌာနများ၌ ဇွန် ၂၈ ရက် နံနက်(၆)အချိန်မှစ၍ ထုတ်ပြန်ကြေညာပေးလျက်ရှိကြောင်း သိရသည်။
မိုင်းယောင်းမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း ထုတ်ပြန်ကြေညာ
Jun 28,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင် မိုင်းယောင်းမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းအား ယနေ့နံနက်ပိုင်းက ထုတ်ပြန်ကြေညာသည်။ မိုင်းယောင်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ ၇၀ ဝင်ရောက်ဖြေဆိုကြပြီး ၁၆ ဦး အောင်မြင်သဖြင့် အောင်မြင်မှုရာခိုင်နှုန်း ၂၂ ဒသမ ၈၆ ဖြစ်ကြောင်း သိရသည်။
ပျဉ်းမနားမြို့နယ်၌  ခြောက်ဘာသာ ဂုဏ်ထူးရှင် ၁၃ ဦးထွက်ပေါ် 
Jun 28,2026
၂၀၂၅ - ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယနေ့ နံနက် ၆ နာရီက ထုတ်ပြန်ကြေညာရာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အနေဖြင့် အောင်ချက်  ၅၆ ဒသမ ၃၇ ရာခိုင်နှုန်း အောင်မြင်ခဲ့ကြောင်းသိရသည်။
ကလောမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးလုပ်ငန်းများ  ကွင်းဆင်းစစ်ဆေး
Jun 28,2026
ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်အတွင်းရှိ ကျေးလက်ဒေသလမ်းများဖွံ့ဖြိုးတိုးတက် ရေးအတွက် ဇွန် ၂၇ ရက်က ကျေးလက်လမ်းဆောင်ရွက်မည့်နေရာများအား တာဝန်ရှိသူများကွင်း ဆင်းကြည့်ရှုစစ်ဆေးသည်။