သတင်းများ

နတ်မောက်မြို့နယ်ရှိ နတ်မောက်ရေလှောင်တမံ၊ နတ်မောက်ရေလွှဲဆည်နှင့် ပင်းကန်ရေလှောင်တမံတို့မှ ရေကျော်စီးဆင်းမှုမရှိဘဲ ကြံ့ခိုင်ကောင်းမွန်
Sep 30,2025
နတ်မောက်မြို့နယ်တွင် စက်တင်ဘာ ၂၈ ရက်နံနက်ပိုင်းက မိုးသည်းထန်စွာရေသွန်းမှုကြောင့် ယင်းချောင်းရေလျှံမှုဖြစ်ပေါ်ခဲ့ပြီး နတ်မောက်ရေလှောင်တမံ၊ နတ်မောက်ရေလွှဲဆည်နှင့် ပင်းကန်ရေလှောင်တမံတို့မှ ရေကျော်စီးဆင်းမှုမရှိဘဲ ကြံ့ခိုင်ကောင်းမွန်မှုရှိကြောင်း မြို့နယ်ဆည်မြောင်းဦးစီးဌာနမှ သိရသည်။
နတ်မောက်မြို့နယ်တွင် ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနား ကျင်းပ
Sep 30,2025
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်မှ နတ်မောက်မြို့နယ်ရှိ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို  ယမန်နေ့လယ် (၂)နာရီ အချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့သည်။
နမ့်စန်မြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများ စတင်ကပ်ထားကြေညာ
Sep 30,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများကိုယနေ့နံနက် ၇ နာရီမှစတင်၍ မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများနှင့် ကျေးရွာများတွင် ပထမအကြိမ်ကပ်ထား ကြေညာပေးထားကြောင်း သိရသည်။
မတ္တရာမြို့၌ ယာဉ်စည်းကမ်း လမ်းစည်းကမ်းလိုက်နာရေး အသိပညာပေးဆောင်ရွက်
Sep 30,2025
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့တွင် ယာဉ်အန္တရာယ် လမ်းအန္တရာယ်ကင်းရှင်းစေရေးအတွက် ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေးခြင်းနှင့်စစ်ဆေးခြင်းကို စက်တင်ဘာလ ၃၀ ရက်နေ့ နံနက် ၈ နာရီအချိန်မှစတင်၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
(၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် သံဃာတော်အရှင်သူမြတ်များအား အရုဏ်ဆွမ်းဆက်ကပ်
Sep 30,2025
အောက်တိုဘာ (၁) ရက်နေ့တွင် ကျရောက်မည့် (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကော့သောင်းခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးခင်နိုင်ဦးဆောင်သော ကော့သောင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ ကော့သောင်းမြို့နယ်ရဲတပ်ဖွဲ့၊ ရေကြောင်းရဲတပ်ဖွဲ့စု၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု၊ လေကြောင်းရဲတပ်ဖွဲ့စု၊ ယာဉ်ထိန်းရဲတပ်ဖွဲ့စု၊ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့စိတ်၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း လုံခြုံရေး ရဲတပ်ဖွဲ့စိတ်၊ ခရိုင်/မြို့နယ်မိသားစု စည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌများနှင့် တပ်ဖွဲ့ဝင်မိသားစုများသည် ဆရာတော်သံဃာတော်အရှင်သူမြတ်များအား အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခြင်းကို ‌ စက်တင်ဘာလ (၃၀) ရက်‌နေ့ နံနက်(၅)နာရီခွဲက ခရိုင်ရဲတပ်ဖွဲ့မှူးရုံးတွင် ကျင်းပခဲ့သည်။
ကျောက်ဆည်မြို့နယ် ဖျောက်ဆိပ်ပင်ကျေးရွာအပ်စု၌ စိုက်ပျိုးထားသော ဝါသီးနှံများ အောင်မြင်ဖြစ်ထွန်း
Sep 30,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ဖျောက်ဆိပ်ပင်ကျေးရွာအုပ်စု၌ စိုက်ပျိုးထားသော ၂၀၂၅-၂၀၂၆ ခုနှစ် မိုးရာသီ ဝါသီးနှံများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
သရက်ချောင်းမြို့နယ်၌ အသက်မွေးဝမ်းကျောင်းအ‌ထောက်အကူပြု အခြေခံအပ်ချုပ်စက် (၂)လသင်တန်းဆင်းပွဲအခမ်းအနားကျင်းပ
Sep 30,2025
တနင်္သာရီတိုင်းဒေသကြီး၊   ထားဝယ်ခရိုင်၊   သရက်ချောင်းမြို့နယ်၊    ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ စက်တင်ဘာလ ၂၉ ရက်နေ့ နံနက် ၉ နာရီခွဲက အသက်မွေးဝမ်းကျောင်းအ‌ထောက်အကူပြု အခြေခံအပ်ချုပ်စက် (၂)လသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပခဲ့သည်။
ရေနံချောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ သောက်သုံးရေအခက်အခဲဖြစ်ပေါ်လျက်ရှိသော ရပ်ကွက်များအား ရေလှူဒါန်း
Sep 30,2025
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၌ စက်တင်ဘာ ၂၈ ရက်က မိုးသည်းထန်စွာရွာသွန်းပြီး မြို့အတွင်း ဖြတ်သန်းစီးဆင်းလျက်ရှိသည့် ချောင်းများမှ ရေကြီးရေလျှံမှုများဖြစ်ပေါ်ကာ အနိမ့်ပိုင်းရပ်ကွက်များရှိ နေအိမ်များအတွင်း ရေဝင်ရောက်ခဲ့မှုများကြောင့် သောက်သုံးရေအခက်အခဲများဖြစ်ပေါ်လျက်ရှိရာ အဆိုပါ ရပ်ကွက်များအား မြို့နယ်မီးသတ်ဦးစီးဌာနမှ ယမန်နေ့က သောက်သုံးရေဂါလံ ၃၂၀၀ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။