သတင်းများ

ကျိုက်လတ်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ခေတ်မီစံပြကျေးရွာ ထူထောင်ရေးစီမံကိန်း (Smart Village) မြို့နယ်အဆင့် စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်း အခမ်းအနားကျင်းပ
Sep 29,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ခု၊ ဘဏ္ဍာရေးနှစ် ခေတ်မီစံပြကျေးရွာ ထူထောင်ရေးစီမံကိန်း (Smart Village) မြို့နယ်အဆင့် စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်း အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝါလတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
နတ်တလင်းမြို့၌ မဲစာရင်းများ ကပ်ထားကြေညာနိုင်ရေး ပုံစံ - ၁ မဲစာရင်းများ ဖြန့်ဝေ
Sep 29,2025
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ မဲစာရင်းများ ကပ်ထားကြေညာနိုင်ရေး ပုံစံ - ၁ မဲစာရင်းများ ဖြန့်ဝေခြင်းကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ကျင်ပပြုလုပ်ခဲ့သည်။
ဟင်္သာတမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများ၊ သင်ကြားပြသခဲ့သော ဆရာ၊ ဆရာမများ၊ အောင်ချက်အကောင်းဆုံး ကျောင်းများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Sep 29,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့ ဥယျာဉ်မြောက်ရပ်ကွက်၊ လမ်းမတော်လမ်းရှိ အမှတ်(၁)အခြေခံပညာ အထက် တန်းကျောင်း၊ ဟင်္သာခန်းမ၌ စက်တင်ဘာ ၂၉ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်က ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စားမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား/သူများ သင်ကြားပြသခဲ့သော ဆရာ၊ ဆရာမများ၊ တိုင်း ၊ ခရိုင် ၊ မြို့နယ်အဆင့် အောင်ချက်အကောင်းဆုံး ကျောင်းများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။
နတ်မောက်ရေလှောင်တမံ ရေပိုလွှဲမှ ရေကျော်ကျဆင်းမှု မရှိ၍ တမံကြံ့ခိုင်မှုအတွက် စိုးရိမ်ဖွယ်မရှိ
Sep 29,2025
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် နတ်မောက်ရေလှောင်တမံ၊ ပင်းကန်နှင့် ကျောက်တံခါး လက်ဝဲမြောင်းတို့မှ စိုက်ပျိုးရေးတောင်သူများအတွက် စိုက်ပျိုးရေ ပေးဝေလျက်ရှိပြီး ယမန်နေ့ နံနက်(၆)နာရီတွင် နတ်မောက်ရေလှောင်တမံ၏ ရေအမှတ် (၆၇၇.၂)ပေ ဖြစ်ပြီး ရေလှောင်ပမာဏမှာ (၈၀၀၇၁)ဧကပေနှင့် ကန်ရေပြည့်အမှတ်သို့ရောက်ရှိရန် (၅.၈)ပေဖြစ်ရာ၊ ပင်းကန် ရေလှောင်တမံရေအမှတ်(၉၂.၈)ပေဖြစ်ပြီး ၊ ရေလှောင်ပမာဏမှာ (၇၂၀)ဧကပေနှင့် ကန်ရေပြည့်အမှတ်သို့ရောက်ရှိရန် (၀.၇၅) ပေ ဖြစ်သည်။
ပေါက်ခေါင်းမြို့၌ အမှတ်(၃)ရပ်ကွက်၊ ကြားဖြတ်(၃)လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း (၉၀)ရာခိုင်နှုန်းပြီးစီး
Sep 29,2025
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ပေါက်ခေါင်းမြို့ အမှတ်(၃)ရပ်ကွက်၊ ကြားဖြတ်(၃)လမ်းတွင် ကွန်ကရစ်ခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ (၉၀)ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
မိုင်းကိုင်မြို့နယ်၊ တုံလောကျေးရွာ၌ မြန်မာအီလက်ထရောနစ် မဲပေးစက်အသုံးပြု၍ လက်တွေ့စမ်းသပ်မဲပေးခြင်းနှင့် အသိပညာပေးဟောပြောခြင်း ကွင်းဆင်းဆောင်ရွက်
Sep 29,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်အသုံးပြု၍ လက်တွေ့စမ်းသပ်မဲပေးခြင်းနှင့် အသိပညာပေးဟောပြောခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က တုံလောကျေးရွာအုပ်စု၊ တုံလောကျေးရွာ၊ ဓမ္မာရုံ၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အင်းလေးဖောင်တော်ဦး ရုပ်ရှင်တော်မြတ်စွာဘုရား (၄) ဆူ ညောင်ရွှေမြို့၊ အဋ္ဌဒိသာဓမ္မဝိဟာရ ဒေသစာရီစံကျောင်းတော်ကြီးသို့ ပင့်ဆောင်ကြွချီပူဇော်ခံ
Sep 29,2025
အင်းလေးဖောင်ဦးရုပ်ရှင်တော်မြတ်စွာဘုရား(၄)ဆူ အင်းလေးဒေသ (၂၁) ဌာနသို့ ကြွချီ ပူဇော်ခံလျက်ရှိရာ သီတင်းကျွတ်လဆန်း(၇)ရက် ယမန်နေ့ နံနက်(၇)နာရီက ညောင်ရွှေမြို့နယ်၊ လင်းကင်းကျေးရွာမှ အင်းလေးရိုးရာဘုရားဆွဲလှေ (၄၃) စီးဖြင့် အင်းလေးရေပြင်ကိုဖြတ်၍ ညောင်ရွှေမြို့၊ အဋ္ဌဒိသာဓမ္မဝိဟာရ ဒေသစာရီစံကျောင်းတော်ကြီးသို့ ပင့်ဆောင်ကြွချီ ပူဇော်ခံလျက်ရှိကြောင်း သိရသည်။