မြောင်းမြတွင် ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်
Sep 25,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ထမ်းများနှင့်တာဝန်ရှိသူများက အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်လိုအပ်သည့် ဒေသခံပြည်သူများကို ပန်းခင်းစီမံချက် အဆင့်(၃)ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးနေမှုကို ယနေ့နံနက်ပိုင်းမှစ၍ ဝဲကလေးကျေးရွာအုပ်စု၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။