တွံတေးမြို့နယ်၌ သက်ကြီးပုဂ္ဂိုလ်စောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်
Sep 25,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိ ကျေးလက်ကျန်းမာရေးဌာန၊ ဒေသန္တရကျန်းမာရေးဌာနများနှင့် မြို့နယ်ကုသရေးဦးစီးဌာန ဆေးရုံများတွင် အပတ်စဥ် ဗုဒ္ဓဟူးနေ့တိုင်း မကူးစက်တတ်သောရောဂါများ ကုသသောနေ့အဖြစ်သတ်မှတ်၍ ပြည်သူလူထုအား စောင့်ရှောက်ပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံ၊ တိုက်နယ်ဆေးရုံနှင့် သက်ဆိုင်ရာကျေးလက်ကျန်းမာရေးဌာနများတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။