(၇၄) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား ဖာပွန်မြို့၌ ကျင်းပ

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် (၇၄) နှစ်မြောက် ပြည်ထောင်စုနေ့ အလံတင် အခမ်းအနားကို ယနေ့နံနက် (၅) နာရီခွဲအချိန်က ဖာပွန်မြို့၊ အမှတ် (၂) ရပ်ကွက်၊ အခြေခံပညာ အထက်တန်းကျောင်းရှေ့ ဘောလုံးကွင်း၌ ကျင်းပခဲ့ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဂုဏ်ပြုစစ်ရေးပြအဖွဲ့မှ ဦးဆောင်၍ နိုင်ငံတော်အလံနှင့် ကျဆုံးနေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြု ခဲ့ကြသည်။

မြိတ်မြို့၌ (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပ

၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၏ (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ယနေ့ နံနက်(၇)နာရီက ပုလဲရတနာခန်းမ၌ ကျင်းပခဲ့ရာ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြ သည်။

၇၄ နှစ်မြောက် ပြည်ထောင်စုနေ အခမ်းအနား ကျင်းပ

၇၄ နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာဖတ်ကြားပွဲကို ယနေ့ နံနက် ၇ နာရီက ပခုက္ကူမြို့ နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ကျင်းပသည်။

ကချင်ပြည်နယ်၌ ဧရာဝတီမြစ်ကူး ဗလမင်းထင်တံတားအမှတ် (၂) တည်ဆောက်ရေးလုပ်ငန်း စီမံကိန်း နှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေး

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့ (၁)မှ ကချင်ပြည်နယ် အတွင်း တည်ဆောက်သွားမည့် ဧရာဝတီမြစ်ကူး ဗလမင်းထင်တံတားအမှတ် (၂)တည်ဆောက်ရေး စီမံကိန်း လုပ်ငန်းများနှင့် ပတ်သက်၍ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ထံ ရှင်းလင်းတင်ပြခြင်းကို ယနေ့ နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး မေခခန်းမ၌ ကျင်းပပြုလုပ်သည်။

မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး၌ (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

(၇၄)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲ အခမ်းအနားများကို ယနေ့ နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး ရှေ့ မြက်ခင်းပြင်တွင် ပြုလုပ်ကျင်းပခဲ့သည်။

ဗန်းမော်မြို့၌ (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနား ကျင်းပ

၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်သော (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားကို ယနေ့ နံနက် ၇ နာရီက ကချင်ပြည်နယ် ဗန်းမော်မြို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ရုံးရှေ့မြက်ခင်းပြင်၌ ကျင်းပခဲ့သည်။

မကွေးမြို့တွင် (၇၄) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပ

(၇၄) နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာဖတ်ကြားပွဲအခမ်းအနားကို မကွေးမြို့ အမှတ် (၈၈) ခြေမြန် တပ်မဌာနချုပ် အားကစားကွင်း၌ ယနေ့ နံနက်(၇)နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

ဇမ္ဗူသီရိမြို့နယ်၌ (၇၄) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပ

(၇၄) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် (၇) နာရီက ကျင်းပခဲ့ရာ အခမ်းအနားသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားအကျင်းပ

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် (၇၄) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ယနေ့ နံနက် ၇ နာရီက လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ကျင်းပပြုလုပ်သည်။
Subscribe to