ပုလဲမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဝယ်ယူရန်အတွက် ငွေကျပ် ၁၂ သိန်း ပေးအပ်လှူဒါန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ပက်အပြည်ပြည်ဆိုင်ရာ အသေးစား ငွေရေးကြေးရေး ဝန်ဆောင်မှု ရန်ပုံငွေအဖွဲ့ အစည်းမှ တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဝယ်ယူရန်အတွက် ငွေကျပ် ၁၂ သိန်းကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ရွှေတြိဂံဒေသတင်းလွှာဌာန၊(၄)နှစ်ပြည့်၊ နှစ်ပတ်လည်နေ့နှင့် "ရွှေရောင်လူသားဆု" ချီးမြင့်ခြင်း အခမ်းအနား ပြုလုပ်

ရွှေတြိဂံသတင်းလွှာဌာန၏ (၄)နှစ်ပြည့်၊ နှစ်ပတ်လည်နေ့နှင့် "ရွှေရောင်လူသားဆု" ချီးမြင့်ခြင်းကို ရှမ်းပြည်နယ် (အရှေ့ပိုင်း)တာချီလိတ်မြို့တွင် ယမန်နေ့ညက ဟက်ပီး ခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်း မုံရွာမြို့ပေါ် ရှိ ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်းသည် စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံးမှ တာဝန်ရှိသူများနှင့်အတူ ယခုနှစ် ဖေဖော်ဝါရီလ ၆ ရက် နံနက်(၉)နာရီခွဲ က တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့၏ စီစဥ်ဆောင်ရွက်လျက်ရှိသော မုံရွာမြို့ပေါ်ရှိ ဒေသဖွံဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ရေနံချောင်းမြို့ ရွှေတောင်ပါဠိတက္ကသိုလ်ကျောင်းတိုက်နှင့် တောင်ဖီလာကျောင်းတိုက်ရှိ ဆရာတော်၊ သံဃာတော် ၁၅၅ ပါးအား နေ့ဆွမ်းနှင့်ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်း

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၏အစီအစဉ်ဖြင့် ယနေ့နံနက် ၁၀ နာရီခွဲက အိုးဘိုရပ်ကွက် ရွှေတောင်ပါဠိတက္ကသိုလ်ကျောင်းတိုက်နှင့် တောင်ဖီလာကျောင်းတိုက်ရှိ ဆရာတော်၊ သံဃာတော် ၁၅၅ ပါးအား နေ့ဆွမ်းနှင့်ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၌ အသက်(၆၅)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများ စတင်ထိုးနှံခြင်း လုပ်ငန်းများဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်တွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ပြည်သူ(၁၀၀) ကျော်ကိုလည်းကောင်း၊ ပန်းဘဲတန်းမြို့နယ်တွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ပြည်သူ(၉၀)ကျော်ကိုလည်းကောင်း၊ ဗိုလ်တထောင် မြို့နယ်တွင် အမှတ်(၄)အခြေခံပညာအထက်တန်း ကျောင်း၌ ပြည်သူ(၅၀၀)ကျော်ကိုလည်းကောင်း မြို့နယ် အသီးသီးတွင် အသက်(၆၅)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများ စတင်ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီတွင် မြို့နယ်(၃)မြို့နယ်တွင် တစ်ပြိုင်နက် စတင်ထိုးနှံပေးကြသည်။

တွံတေး၌ ပုံမှန်ကာကွယ်ဆေးထိုးဆေးတိုက်ခြင်း ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အသက်တစ်နှစ် အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လစဉ်ပုံမှန် ကာကွယ်ဆေးထိုး ဆေးတိုက်ခြင်း ကို ယနေ့ နံနက်ပိုင်းက မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ယင်းမာပင်မြို့နယ် သက္ကပြုကျေးရွာတွင် "ဘဝရှေ့ဆောင်အလင်းရောင် " စာကြည့်တိုက်ဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင် ယင်းမာပင်မြို့နယ် သက္ကပြုကျေးရွာ အောင်သာဇေယျုံ ဘုန်းတော်ကြီးကျောင်းတိုက် အတွင်းတွင် ကျေးရွာပြည်သူများ စာပေဗဟုသုတများဖတ်ရှု လေ့လာ နိုင်စေရန်အတွက် ကျောင်းတိုင်ဆရာတော် ဦးစီးဦးဆောင်မှုဖြင့် ကျေးရွာပြည်သူများ စုပေါင်း၍ "ဘဝရှေ့ဆောင်အလင်းရောင်" စာကြည့်တိုက်ဖွင့်ခြင်းကို ယနေ့နံနက် ၉ နာရီခွဲက အဆိုပါ စာကြည့်တိုက်တွင် ကျင်းပကြောင်း သိရသည်။

ကျိုင်းလပ်မြို့၌ အသက် ၂ နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးခြင်း၊ တိုက်ကျွေးခြင်းဆောင်ရွက်

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၌ အသက် ၂ နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ တိုက်ကျွေးခြင်းကို ယနေ့ နံနက်ပိုင်းက ကျိုင်းလပ်မြို့၊ ကျာခမ်းကျောက် ကျေးရွာအုပ်စု၊ နမ့်ငေါ့ကျေးလက်ကျန်းမာရေးဌာနခွဲတွင် ဆောင်ရွက်ခဲ့သည်။

သုံးခွမြို့၌ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ် ကျန်းမာရေးဦးစီးဌာန၌ ယမန်နေ့ နံနက် ၉ နာရီက မွေးကင်းစမှ (၂) နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင် များအား လစဉ်ပုံမှန် ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်ခဲ့သည်။

ရွှေတောင်မြို့နယ်တွင် မွေးကင်းစမှ အသက် (၂) နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေး

ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်တွင် ကလေးငယ်များ ကျန်းမာသန်စွမ်းစေရန်နှင့်ကူးစက်ရောဂါ တို့မှ ကင်းဝေစေရန် ရည်ရွယ်၍ လစဉ်ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ ဆေးတိုက်ခြင်းလုပ်ငန်းများကို ယနေ့ နံနက် (၈) နာရီအချိန်က မိခင်နှင့်ကလေး စောင့်ရှောက်ရေး ကျန်းမာရေးဌာန၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Subscribe to