တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံ

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် တိုင်းဒေသကြီးစီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်နှင့် တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ တွေ့ဆုံပွဲကို ယနေ့မွန်းလွဲပိုင်းက ဧရာရွှေဝါခန်းမ၌ ကျင်းပသည်။

ပဲခူးတိုင်းဒေသကြီးအတွင်း တည်ဆောက်ရေးလုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီးအတွင်း တည်ဆောက်ရေးလုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက် နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ ၁၀ ရက် မွန်းလွဲ ၂ နာရီခွဲက ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့် ပုသိမ်မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတိုက်များကို လှူဖွယ်များလှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ပုသိမ်မြို့ ပြည်ထောင်စုနေ့အခမ်းအနား ကျင်းပမည့် ကန်သာယာယာ ပြည်ထောင်စုကွင်းသို့ ရောက်ရှိလာပြီး အစမ်းလေ့ကျင့်နေမှုများကို ကြည့်ရှုသည်။

ပုလဲမြို့နယ်အတွင်းရှိ ကျေးရွာ ၁၈ ရွာတွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်မည်

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်းရှိ ကျေးရွာ ၁၈ရွာတွင် ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံ ငွေများဖြင့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)ကိုအကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း မြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ရန်ကုန် (ပန်းဆိုးတန်း/ ဒလ) ကူးတို့ဆိပ်ကမ်း၌ သင်္ဘောခရီးစဉ်များကို နံနက် ၅ နာရီခွဲမှ ည ၇ နာရီအထိသာ ပြေးဆွဲမည်

ရန်ကုန် (ပန်းဆိုးတန်း/ဒလ) ကူးတို့ဆိပ်ကမ်းသည် ဒလမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ အပါအဝင် တွံတေးမြို့နယ်၊ ကော့မှူးမြို့နယ်နှင့် ကွမ်းခြံကုန်းမြို့နယ်တို့ရှိ အနယ်နယ်အရပ်ရပ်က ခရီးသွားမိဘပြည်သူများစွာတို့ကို စီးပွားရေးမြို့တော် ရန်ကုန်မြို့သို့ ချယ်ရီရေယာဉ် သုံးစင်း ဖြင့် နေ့စဉ်ကူးတို့ပို့ဆောင်ပေးလျက်ရှိရာ လက်ရှိအချိန်တွင် ခရီးသည်များ သွားလာမှုနည်းပါး ခြင်းနှင့် ည ၈ နာရီမှ နံနက် ၄ နာရီအတွင်း ညမထွက်ရအမိန့် ထုတ်ပြန်ကြေညာထားခြင်း တို့ကြောင့် ခရီးသွားမိဘပြည်သူများ အဆင်ပြေ ချောမွေ့စွာသွားလာနိုင်ရေးအတွက် ဖေဖော်ဝါရီ ၉ ရက်တွင် စတင်ပြီး သင်္ဘောခရီးစဉ်များကို နံနက် ၅ နာရီခွဲမှ စတင်ပြီး ည ၇ နာရီ နောက်ဆုံး အချိန်ထိသာ ပြေးဆွဲပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး မြစ်ဝကျွန်းပေါ်ဌာနခွဲမှ သိရသည်။

ကျေးရွာပေါင်း ၁၄၃၇ ရွာတွင် E- coli Bacteria ပါဝင်မှုစစ်ဆေးရာတွင် သတ်မှတ်ရာခိုင်နှုန်းနှင့် ကျော်လွန်သည့် ကျေးရွာ ၂၄၁ ရွာရှိနေ

စစ်ကိုင်းတိုင်းဒေသကြီး ခရိုင် ၁ဝ ခုနှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းမှ မြို့နယ်များရှိ ကျေးရွာ ပေါင်း ၁၄၃၇ ရွာ၌ စစ်ဆေးစဉ် ကျေးရွာ ၂၄၀ ကျော်တွင် ၎င်းတို့ အသုံးပြုလျက်ရှိသော ရေအရင်းအမြစ် ap: E-coli Bacteria op: သတ်မှတ်ရာခိုင်နှုန်းနှင့် ကျော်လွန် နေသည်ကို စစ်ဆေးတွေ့ရှိရကြောင်း တိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၏ စစ်ဆေးမှု မှတ်တမ်းများအရ သိရသည်။

ဘုတလင် − မောင်းထောင်ကားလမ်းပေါ်တွင် ကွန်ကရစ် ရေကျော်တံတားနှစ်စင်း တည်ဆောက်

စစ်ကိုင်းတိုင်းဒေသကြီး ဘုတလင် မြို့နယ်၌ ဘုတလင်- မောင်းထောင် ကားလမ်းပေါ်တွင် JICA ၏ ချေးငွေ ဖြင့်ကွန်ကရစ်ရေကျော်တံတားနှစ်စင်း တည်ဆောက်လျက်ရှိကြောင်း မြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

ဝန်းသိုမြို့နယ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်း ဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်းသိုမြို့နယ် ကင်းမြင်သာကျေးရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင် အခွင့်အရေးနှင့်မိသားစု ဝင်ငွေတိုးစေရေးရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ် သင်တန်းကို အဆိုပါကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ဖွင့်လှစ်သင်ကြားပေးလျက် ရှိသည်။

ရန်ကုန် − ဥက္ကံခေါက်တိုရထား ဖေဖော်ဝါရီပထမပတ်ကတည်းက ပြန်လည်ပြေးဆွဲ

ရန်ကုန် - ဥက္ကာခေါက်တိုရထား ခရီးစဉ်ကို ဖေဖော်ဝါရီ ၅ ရက်မှစ၍ ပြန်လည်ပြေးဆွဲခဲ့ရာ ခရီးသွားပြည်သူများ အဆင်ပြေလျက်ရှိသည်။

မဟာသကျအတုလမာရ်အောင်ဘွဲ့တော်ဆောင် ငါးထပ်ကြီးဘုရားကြီး ပြန်လည်ဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် မဟာသကျ အတုလမာရ်အောင် ဘွဲ့တော်ဆောင်သော ငါးထပ်ကြီး မြတ်စွာဘုရားကြီးကို ယမန်နေ့နံနက်က ဆရာတော် သံဃာတော် အရှင်သူမြတ်များ က အနေကဇာတင် ပါဠိတော်များရွတ်ဆိုပြီး ဗုဒ္ဓါဘိသေက တင်လှူပူဇော်ကာ ပြန်လည်ဖွင့်လှစ် ခဲ့သည်။
Subscribe to