သီပေါရှေးဟောင်းသမိုင်းဝင် ပေါ်ကြိုဘုရားကြီး ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ဖူးမြော်နိုင်
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်အတွက် ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါမြို့နယ် ရှေးဟောင်းသမိုင်းဝင် ပေါ်ကြိုဘုရားကြီးအား ဖူးမြော်ခွင့် ယာယီရပ်ဆိုင်းခဲ့ရာမှ ယခုအခါ ကိုဗစ်-၁၉ ရာဂါ ကာကွယ်။ တားဆီးရေး၊ ကုသရေးလုပ်ငန်းစဉ်များကြောင့် ရောဂါကူးစက်ပျံ့နှံ့မှု အတိုင်း အတာတစ်ရပ်အထိ ထိန်းချုပ်ဆောင်ရွက်နိုင်ပြီဖြစ်သဖြင့် ဂေါပကအဖွဲ့နှင့် ဗုဒ္ဓနွယ်ဝင် များက ဘုရားကြီး ပရိဝုဏ် အတွင်း၊အပြင်များ၌ သန့်ရှင်း ရေးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိသည်။