ထားဝယ်တက္ကသိုလ်၌ “ဥပဒေဆိုင်ရာ အသိပညာပေးဟောပြောပွဲ အခမ်းအနား” ကျင်းပ
ဥပဒေပညာ တိုးပွားစေရန်နှင့် မူပိုင်ခွင့်ဆိုင်ရာဥပဒေ၏ အရေးပါပုံ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေ၏ အရေးပါပုံများကို ကျောင်းသား၊ ကျောင်းသူများ၊ သိရှိနားလည်စေနိုင်ရန်နှင့် အသိပညာများတိုးပွားစေ ရန်ရည်ရွယ်၍ ယမန်နေ့နံနက်ပိုင်းက “ဥပဒေဆိုင်ရာ အသိပညာပေး ဟောပြောပွဲ အခမ်းအနား”ကို တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ထားဝယ်တက္ကသိုလ်၊ ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့သည်။