အောင်လံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ပန်းတိုင်အထွက်နှုန်းသတ်မှတ်ထားသည့် သီးနှံ (၁၀)မျိုးနှင့်စပ်လျဉ်း၍ စစ်တမ်းများကောက်ယူ
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ပန်းတိုင်အထွက်နှုန်းသတ်မှတ်ထားသည့် သီးနှံ(၁၀)မျိုးနှင့်စပ်လျဉ်း၍ တောင်သူများအား ပန်းတိုင်ရည်မှန်းချက်/အထွက်နှုန်းမကောင်းရခြင်း အကြောင်းအရာများအား စစ်တမ်းကောက်ယူခြင်းလုပ်ငန်းများကို ယမန်နေ့ ညနေ ၃ နာရီက စတင်၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။