ကြို့ပင်ကောက်မြို့နယ်တွင် အဆိပ်ရှိပစ္စည်း(၂)မျိုးဖြစ်သော Thiamethoxam နှင့် Clothianidin ပိုးသတ်ဆေးများကို လယ်ယာထွက်ကုန်များတွင် ဓာတ်ကြွင်း ကင်းစင်ရေး (၂) နှစ်တာကာလအထိ တားမြစ်ပိတ်ပင်ခြင်း အသိပေးဆွေးနွေးပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်တွင် အဆိပ်ရှိပစ္စည်း(၂)မျိုးဖြစ်သော Thiamethoxam နှင့် Clothianidin ပိုးသတ်ဆေးများကို လယ်ယာထွက်ကုန်များတွင် ဓာတ်ကြွင်းကင်းစင်ရေး (၂)နှစ်တာကာလအထိ တားမြစ်ပိတ်ပင်ခြင်း အသိပညာပေး ဆွေးနွေးပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ဒီဇင်ဘာလ ၁၅ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်း မီးသတ်ဦးစီးဌာနမှ မီးဘေးလုံခြုံရေး အသိပညာပေး လက်ကမ်းစာစောင်နှင့် စတေကာများ ဝေငှ

တနင်္သာရီတိုင်းဒေသကြီး/ခရိုင်/ မြို့နယ် (၁၀) မြို့နယ်အတွင်းရှိ အများပြည်သူများအား မီးဘေးအန္တရာယ်ကင်းဝေးရေး၊ မီးသတိမူရေး၊ မီးဘေးကြိုတင်ကာကွယ်နိုင်ရေးနှင့်အတွက် သဘာဝဘေးအန္တရာယ်များဖြစ်ပွားပေါ်ပေါက်လာပါက အချိန်နှင့်တပြေးညီဆက်သွယ်နိုင်ရေးအတွက် တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှ ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက ယနေ့နံနက်ပိုင်းတွင် လူစည်ကားရာနေရာများ၌ မီးဘေးလုံခြုံရေး အသိပညာပေးလက်ကမ်းစာစောင်များကို ဝေငှပေးကြသည်။

ကြို့ပင်ကောက်မြို့၌ မဲရုံများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး

ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့တွင် မဲရုံများမီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မဲရုံအဖြစ်လျာထားသော ကျောင်းနှင့်အခြားအဆောက်အဦးများအား ကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ်မီးသတ်တပ်ဖွဲ့ ဦးစီးမှူးနှင့် တာဝန်ရှိသူများက ဒီဇင်ဘာလ ၁၅ ရက်နေ့က ဆောင်ရွက်သည်။

တောင်ကြီးမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) နှင့်စပ်လျဉ်း၍ ရှင်းလင်းပြသခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက်

တောင်ကြီးမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးမည့် မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)နှင့်စပ်လျဉ်း၍ သရုပ်ပြရှင်းလင်းခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ယနေ့နံနက်ပိုင်းက တောင်ကြီးမြို့ပေါ် ရပ်ကွက်များ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အစည်းအဝေးသို့ တက်ရောက်

တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၇/၂၀၂၅) ကြိမ်မြောက်အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဟင်္သာတမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်များ နေ့ချင်းပြီးဆောင်ရွက်ပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် အခြေခံပညာကျောင်းများတွင် ပညာသင်ကြားလျက်ရှိသော အသက် ၁၈ နှစ်ပြည့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများနှင့် နိုင်ငံသားကိုယ်ရေးအချက်အလက် EID များအား ပန်းခင်းစီမံချက်ဖြင့်ယမန်နေ့ နံနက်ပိုင်းမှစတင်ကာ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြသည်။

လေးမျက်နှာမြို့နယ်၌ ပန်းတိုင်ရည်မှန်းချက်/အထွက်နှုန်းမကောင်းရခြင်း အကြောင်းအရာများအား ကျေးရွာအုပ်စုအလိုက် ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် ပန်းတိုင်အထွက်နှုန်းသတ်မှတ်ထားသည့် သီးနှံ(၁၀)မျိုး ပန်းတိုင်ရည်မှန်းချက်/အထွက်နှုန်း မကောင်းရခြင်း အကြောင်းအရာများအား ကျေးရွာအုပ်စုအလိုက် ကွင်းဆင်းစိစစ်မေးမြန်းမှုအား ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ကျိုက် မရော၌ ဥပဒေရေးရာ အသိပညာပေးဆွေးနွေးပွဲကျင်းပ

မွန်ပြည်နည် ကျိုက်မရောမြို့နယ်ဥပဒေရုံးမှကြီးမှူးကျင်းပသော ဥပဒေရေးရာ အသိပညာပေးဆွေးနွေးပွဲကို ဒီဇင်ဘာ ၁၆ ရက်နံနက်ပိုင်းက ကျိုက်မရောမြို့ အတ္တရံခန်းမ၌ ပြုလုပ်သည်။

ချောင်းဆုံမြို့နယ်၌ သီးနှံ(၁၀)မျိုး ပန်းတိုင် အထွက်နှုန်းရရှိရေး ကွင်းဆင်းဆောင်ရွက်

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်ရှိ ရာသီအလိုက် သီးနှံမျိုးစုံစိုက်ပျိုးကြသည့် တောင်သူများ မိမိတို့စိုက်ပျိုးသည့် သီးနှံများပန်းတိုင်အထွက်နှုန်းရရှိ၍ မိသားစုဝင်ငွေတိုးပွားစေရန်အတွက် မွန်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှဦးဆောင်၍ ဒီဇင်ဘာ (၁၆) ရက်နေ့က မြို့နယ်အတွင်းရှိ ကျေးရွာစုရပ်များတွင် တောင်သူများအား သီးနှံ (၁၀) မျိုး ပန်းတိုင်အထွက်နှုန်းရရှိရေး လိုအပ်သည်များကို ကွင်းဆင်းစစ်တမ်းကောက်ယူခဲ့ကြကြောင်း သိရသည်။

မုဒုံမြို့၌ မြန်မာ့သဘာဝရော်ဘာ စိုက်ပျိုးထုတ်လုပ်ခြင်းလမ်းညွှန်ချက် စံချိန်စံညွှန်း အသိပညာပေးဆွေးနွေးပွဲပြုလုပ်

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ရေရှည်တည်တံ့သော မြန်မာ့သဘာဝရော်ဘာ စိုက်ပျိုးထုတ်လုပ်ခြင်းလမ်းညွှန်ချက် စံချိန်စံညွှန်း အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက နှစ်ရှည်ပင်များသုတေသနနှင့်နည်းပညာဖွံ့ဖြိုးရေးခြံ (မုဒုံ) ရှိ အစည်းအဝေးခန်းမဆောင်၌ ပြုလုပ်သည်။
Subscribe to