နေပြည်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ကျေးရွာချင်းဆက်လမ်းဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခြင်းနှင့် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် လက်တွေ့သရုပ်ပြ မဲပေးခြင်းအခမ်းအနား တက်ရောက်
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဇေယျာသီရိမြို့နယ်၊ ကျောက်ဖျာကျေးရွာသို့ သွားရောက်ပြီး ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာနမှ ၂၀၂၅ -၂၀၂၆ ဘဏ္ဍာရေးနှစ်၊ နေပြည်တော်ကောင်စီ၏ ဖြည့်စွက်ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ခေတ်အေး - ကျောက်ဖျာ - ရွာသစ်ကုန်း ကျေးရွာချင်းဆက်လမ်း အရှည် တစ်မိုင်လေးဖာလုံ (2 x Wheel Track) ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းများဆောင်ရွက်နေမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြမှုအပေါ် နေပြည်တော်ကောင်စီဥက္ကဋ္ဌက လုပ်ငန်းများ အပိုင်းလိုက် အမြန်ပြီးစီးအောင်ဆောင်ရွက်ရေး၊ ရေရှည်ခိုင်ခံ့မှုရှိအောင် စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ရေး၊ လူအင်အား၊ စက်ယန္တရားအင်းအားတိုးမြှင့်ပြီး လုပ်ငန်းများ အမြန်ပြီးစီးအောင် ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့သည်။