မဟာအောင်မြေမြို့နယ်အတွင်း တတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာရန် တိုက်ဆိုင်စိစစ်
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ မဟာအောင်မြေမြို့နယ်အတွင်းရှိ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် တတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကပ်ထားကြေညာရာတွင် မဲစာရင်းများမှန်ကန်မှုရှိစေရန် တိုက်ဆိုင်စိစစ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ပြုလုပ်သည်။