အမြို့မြို့အနယ်နယ်သတင်းများ

Dec 10,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန်နှင့် ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ အထွေထွေရောဂါကု ဆေးရုံကြီး(အင်းစိန်)၊ ဖျားနာဆောင်သို့ အလှူရှင်များက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံး ဆက်စပ်ပစ္စည်းများနှင့် အလှူငွေများကို ယမန်နေ့ နံနက်ပိုင်းက အထွေထွေရောဂါကုဆေးရုံကြီး (အင်းစိန်)တွင် အသီးသီးလှူဒါန်းခဲ့ကြောင်း သိရသည်။
Dec 10,2020
Korea Hanbeot Foundation မှ မသန်စွမ်းကလေးငယ်များအတွက် လှူဒါန်းပေးသော ကလေးစီး Wheel Chair များနှင့် We Love Bago အဖွဲ့မှ လှူဒါန်းပေးသည့် အလှူငွေများကို ဒီဇင်ဘာ ၉ ရက မွန်းလွဲပိုင်းက We Love Bago အဖွဲ့သားများက ပြန်လည်၍ ပဲခူးမြို့၊ မြို့ပေါ်ရပ်ကွက် အသီးသီးရှိ မသန်စွမ်းကလေးများ ငယ်အတွက် အလှူရှင်ကိုယ်စား အိမ်တိုင်ရာရောက် လိုက်လံလှူဒါန်းပေးခဲ့ကြောင်း သိရသည်။
Dec 10,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင် ၊ ရှမ်းရွာသစ်မြို့ရှိ ဒေသနေပြည်သူများ ကျန်းမာရေးအသိ ပညာဗဟု သုတရရှိစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်ရည်ရွယ်၍ ယမန်နေ့က ရှမ်းရွာသစ်မြို့ မဲလောခီး‌ကျေးရွာအုပ်စုရှိ ခေါသူခီးကျေးရွာတွင် အသက် နှစ်နှစ် အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်အား ပုံမှန်ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများ ဆောင်ရွက် ပေးခဲ့ကြောင်း သိရှိရသည်။
Dec 10,2020
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြန်မာနိုင်ငံကုန်သည်များ စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်နှင့် ညီနောင်အသင်းများမှ ပူပေါင်း၍ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်အတွင်းရှိ ပြည်သူများ သန့်ရှင်းလတ်ဆတ် သော ကုန်ပစ္စည်းများအား သက်သာသော ဈေးနှုန်း များဖြင့် ဝယ်ယူစားသောက်နိုင်ရေးအတွက် ယမန်နေ့ မွန်းလွဲပိုင်းက မြို့သစ်ရပ်ကွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့၌ ရောင်းချ ပေးနေကြောင်း သိရသည်။
Dec 10,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး မြို့နယ် အဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။
Dec 10,2020
၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၉ ရက်နေ့တွင် ကျရောက်သည့် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန က ဦးစီးထုတ်ဝေသည့် ၂၀၂၀ ပြည့်နှစ်၊ နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များအား ယမန်နေ့နံနက် (၉)နာရီ က မိုင်းရယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန ဝန်ထမ်းများက မြို့မစျေးနှင့် ယာယီပျံကျစျေးများအတွင်း ပြည်သူများထံ လိုက်လံဖြန့်ဝေခဲ့သည်။
Dec 10,2020
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးလက် နေ ပြည်သူများ သောက်သုံးရေအခက်အခဲမရှိစေရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ဘန့်ဘွေးကျင်းကျေးရွာ၌ မြေသားမိုးရေလှောင်ကန်အား တူးဖော်ဆောင်ရွက် လျက်ရှိသည်။