အမြို့မြို့အနယ်နယ်သတင်းများ

Dec 10,2020
ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၅)အတွင်းရှိ Home Quarantineထားရှိသည့်အိမ်ထောင်စု(၈)စုအား မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်း၊ မြို့နယ်ကိုဗစ်-၁၉ ကော်မတီဥက္ကဋ္ဌ ဦးဇာနည်မောင်နှင့် ကော်မတီဝင်များ၊ ဘဏ္ဍာရေးကော်မတီဝင်များမှ အခြေခံ စားသောက်ကုန်(ဆန်၊ ကြက်ဥ၊ ယမ်ယမ်ခေါက်ဆွဲခြောက်)များ သွားရောက် ထောက်ပံ့ ပေးအပ် ခဲ့သည်။
Dec 10,2020
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အတွင်းရှိ ပြည်သူများနှင့် ခရီးသွားပြည်သူ များ၏ လုံခြုံရေးအတွက် ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း(လမ်းမီးဌာန)မှ ဦးဆောင်၍ မြို့နယ်လျှပ်စစ်ဌာနမှ တာဝန်ရှိသူများ ပူးပေါင်း၍ တာမွေမြို့နယ် ကျိုက္ကဆံလမ်းတစ်လျှောက်ရှိ လမ်းမီး များအား စစ်ဆေးပြုပြင်ခြင်း ဆောင်ရွက်ပေးခဲ့ကြသည်။
Dec 10,2020
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် အင်းနို့သိပ္ပံကျေးရွာအုပ်စုနှင့်နောကောကျေးရွာအုပ် ကျေးရွာချင်းဆက် လမ်းဖောက်လုပ် နေမှုအား ကွင်းဆင်းကြည့်ရှုခြင်းကို ယမန်နေ့က ကရင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု ခဲ့ကြောင်း သိရသည်။
Dec 10,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်မှသီလရှင်ကျောင်းတိုက်များသို့ကိုဗစ်ကာလ အထောက်အပံ့ဖြစ်စေရန် ဓမ္မစက္ကပဝတ္တနကာရီ ကိုဗစ်အထောက်အကူပြုအဖွဲ့နှင့် အလှူရှင်များကယနေ့နံနက်တွင်ဆွမ်း၊ ဆန်တော်နှင့် ဆီများကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်းသိရသည်။
Dec 10,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့စည်ပင်သာယာရေးအဖွဲ့မှ နှစ်စဉ်ခွင့်ပြုရန်ပုံငွေများဖြင့် မြို့သန့်ရှင်းသာယာ လှပစေရေးနှင့် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် မြို့တွင်းရပ်ကွက်များတွင် ရေစီး ရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းများတူးဖော်ခြင်း၊ အများပြည်သူသွားလာမှု လွယ်ကူအဆင် ပြေစေရေးအတွက် လမ်းနှင့်တံတားများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိ ပါသည်။
Dec 10,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်တွင် ကျေးရွာ ၅ ရွာရှိ တောင်သူများ ၏ သီးနှံများရာသီမရွေး ထုတ်လုပ်သယ်ပိုးနိုင်ရန်အတွက် ကျေးလက်ကုန်ထုတ်လမ်း ၅ လမ်းအား ဇန်နဝါရီလအတွင်း ဖောက်လုပ်ပေးနိုင်ရန်အတွက် ယမန်နေ့က ခရိုင်ကျေးလက် ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးအောင်မြင့်သန်း၊ မြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်နိုင်နှင့် ဝန်ထမ်းများက သွားရောက်၍ ကွင်းဆင်းစစ်‌ဆေးခဲ့ကြောင်း သိရသည်။
Dec 10,2020
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံမြို့ စိုက်ပျိုး​ရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်လှမြင့်နှင့်ဝန်ထမ်းများက ယမန်နေ့နံနက် ၉ နာရီက ဝက်ဒုံကျေးရွာ ဦးကိုနိုင်၏ လယ်မြေ(၂) ဧကတွင် ဆောင်းသီးနှံ၊ ရေဆင်း(၁၄)ပဲတီစိမ်းသီးထပ်ကို မျိုးစေ့ချကရိယာဖြင့်မျိုးစေ့ချ စိုက်ပျိုးခြင်းကျင်းပပြုလုပ်ဆောင်ရွက်ခဲ့​ရာ တောင်သူ(၁၆)ဦး တက်ရောက် ခဲ့ပါသည်။