အမြို့မြို့အနယ်နယ်သတင်းများ

Nov 07,2020
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ရှိ မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ဂိတ်ပေါက်မှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးသက်ဦးပိုင် နှင့် ကော်မတီအဖွဲ့ဝင်များက ၎င်းတို့၏ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်များ သို့ ပြန်လည်ရောက်ရှိနိုင်ရေး အတွက် စနစ်တကျ စီစဉ်လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိရာ ယမန်နေ့၊ ညနေ(၅)နာရီ အချိန်က နေရပ်ပြန် ပြည်သူ(၇)ဦး ထပ်မံလွှဲပြောင်းပို့ဆောင်ပေးခဲ့သည်။
Nov 07,2020
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ၂၀၂၀ပြည့်နှစ် ၊နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် မဲရုံများပြင်ဆင်ဆောင်ရွက်ထားရှိမှု အ​ခြေအနေကို ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များဖြစ်ကြသော ဦးခင်မောင်မောင်၊ တိုင်းဥပဒေအရာရှိဦးဌေးအောင်နှင့် ရန်ကုန်အရှေ့ပိုင်းခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များဖြစ်ကြသော ဒေါက်တာကျော်စိုးဝင်း၊ ဦးဌေးဝင်း၊ ဦးအောင်ဖေသိန်း၊ ဦးခင်မောင်မြင့် တို့ပူးပေါင်း၍ ယမန်နေ့ နံနက်ပိုင်း အချိန်က လိုက်လံစစ်ဆေးရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူးဦးဇော်နိုင်ဦးနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးဝင်းဇော်တို့က လိုက်လံ​ပြသပေးခဲ့ကြောင်း သိရသည်။
Nov 07,2020
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများသည် ကိုဗစ်−၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသွားကန့်သတ်စောင့်ကြည့်ရေး ဝင်ရောက်နေသောကြောင့် မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေး အတွက် သက်ဆိုင်ရာရပ်ကွက်ကျေးရွာ ကော်မရှင်အဖွဲ့ခွဲများက ယနေ့နံနက်ပိုင်းက အသွားကန့်သတ်စောင့်ကြည့်ရေး စခန်းအသီးသီးသို့ သွားရောက်၍ ကြိုတင်ဆန္ဒမဲများကောက်ခံလျက်ရှိကြောင်းသိရသည်။
Nov 07,2020
ကယားပြည်နယ် လွိုင်ကော်မြို့တွင် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများသို့ ကြိုတင် ဆန္ဒမဲ လာရောက်မပေးနိုင်သော အသက်(၆၀)နှစ်အထက် သက်ကြီးဘိုးဘွားများနှင့် နာမကျန်းသူများအား ယနေ့နံနက်ပိုင်းက အိမ်တိုင်ရာရောက် ကြိုတင်ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်ပေးခဲ့သည်။
Nov 07,2020
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ယာယီမဲရုံများ ပြုလုပ်ဆောင်ရွက်လျက်ရှိရာ မဲရုံစည်းမျဉ်း စည်းကမ်းများနှင့် ညီညွတ်မှု ရှိစေရန်၊ social distancing နှင့်အညီ ဆန္ဒမဲပေးနိုင်ရန်အတွက် ပြင်ဆင်ဆောင်ရွက်လျက်ရှိရာသို့ ရန်ကုန်တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်တို့သည် မိမိတို့တာဝန်ကျရာ ခရိုင် အတွင်းရှိ မြို့နယ်များတွင် ယာယီမဲရုံများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။
Nov 07,2020
၂၀၂၀-ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင် ရေးအတွက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ်အတွင်းရှိ မဲရုံများဆောင် ရွက်ထားရှိမှု အခြေအနေအား ယမန်နေ့ မွန်းလွဲ(၂)နာရီခွဲက နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန်နှင့်တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Nov 07,2020
ကချင်ပြည်နယ်၊ပူတာအိုမြို့တွင်၂၀၂၀ပြည့်နှစ် နို၀င်ဘာလ(၈)ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးနိုင်ရေးအတွက် မဲရုံများကြို တင်ပြင်ဆင်ထားရှိမှုအခြေအနေများကို ခရိုင်အုပ်ချုပ်ရေးမှူးနှင့်တာ၀န်ရှိသူများက ယမန်နေ့ နံနက် (၁၀)နာရီမှစတင်၍ မြို့ပေါ်ရပ်ကွက်များရှိ မဲရုံများအားကွင်းဆင်း စစ်ဆေးခဲ့ကြသည်။
Nov 07,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲခွဲရုံး၌ ယမန်နေ့ ညနေ(၃)နာရီမှစ၍ ၂၀၂၀ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စုများမှ မဲရုံများကို မဲရုံသုံးပစ္စည်းများ ထုတ်ပေးခဲ့ကြောင်း သိရသည်။