အမြို့မြို့အနယ်နယ်သတင်းများ

Nov 06,2020
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော မြစိမ်း‌ရောင်ကျေးရွာစီမံကိန်းမှ တောင်ပေါ် ကျေးရွာဖြစ်သည့် မဲပေါက်ကျေးရွာအုပ်စု၊ ဂမုန်းတောင်ကျေးရွာတွင် မြစိမ်းရောင် စီမံကိန်းအတိုး ရငွေဖြင့်ဆောင်ရွက်ပေးမည့် ကျေးရွာမီးလင်းရေးလုပ်ငန်း‌‌များကို မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးဝင်းဇော်နှင့် တာဝန်ရှိသူများက ယမန်နေ့ မွန်းလွဲပိုင်းက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
Nov 06,2020
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပသည့်နေ့အတွက် ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးနှင့် စီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် (၁၁)နာရီတွင် ဒက္ခိဏသီရိမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Nov 06,2020
မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်တွင်၂၀၂၀ပြည့်နှစ်၊အထွေထွေရွေးကောက်ပွဲအတွက် အသက်(၆၀) နှစ်နှင့် အထက်သက်ကြီးဘိုးဘွားများ၊ နာမကျန်းသူများနှင့် မသန်စွမ်းသူများ အား မဲပေးခွင့်မဆုံးရှုံး စေရေး အတွက် အိမ်တိုင်ရာရောက် လိုက်လံဆောင်ရွက်ပေးခြင်းကို ယနေ့နံနက်ပိုင်းကဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
Nov 06,2020
ကယားပြည်နယ် လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများသို့ ကြိုတင် ဆန္ဒမဲ
Nov 06,2020
ကယားပြည်နယ် လွိုင်ကော်ခရိုင် ဖရူဆိုမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပမည့် မဲရုံများအား မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးအတွက် မီးဘေးလုံခြုံရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 06,2020
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ်၌ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ရပ်ကွက်နှင့်ကျေးရွာ အသီးသီးရှိ သတ်မှတ်မဲရုံများ ကြိုတင်ပြင်ဆင်ခြင်းကို‌ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီက ပြည်နယ်နှင့်ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
Nov 06,2020
နွားထိုးကြီးမြို့၊ အမှတ်(၁)ရပ်ကွက်၊ ကံနက်တောကျောင်းတိုက်၊ ဇေယျသုခသမ္ပတ္တိကျောင်း ဆောင်၌ မိတ္ထီလာမြို့၊ လေယာဉ်ပြင်ဆင်ထုတ်လုပ်ရေးဌာနချုပ်မှူး ဗိုလ်ချုပ်ထင်လင်းက နွားထိုး ကြီးမြို့၊ မြို့နယ်စစ်ထမ်းဟောင်းမိသားစုများအတွက် ဆန်၊ ဆီ၊ ဆားနှင့် ကုလားပဲများထောက် ပံ့ပေးအပ်ပွဲကို ယနေ့ နံနက် ၁၁ နာရီ မိနစ်၁၀ အချိန်ကထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
Nov 06,2020
နိုင်ငံတကာ ရွေးကောက်ပွဲလေ့လာရေးအဖွဲ့ (INTERNATIONAL ELECTION OBSERVERS) မှ နိုင်ငံခြားသူတစ်ဦးသည် ယနေ့နံနက်ပိုင်းက ပဲခူးတိုင်ဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးသို့ လာရောက်၍ ကြိုတင်ဆန္ဒမဲပေးမှု အခြေအနေများနှင့် ရွေးကောက်လုပ်ငန်းစဉ်များအား မေးမြန်းလေ့လာခဲ့ပြီး၊ မြို့ပေါ်ရပ်ကွက်ရှိ မဲရုံပြင်ဆင်ထားမှု အခြေအနေများအား လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။