အမြို့မြို့အနယ်နယ်သတင်းများ

Nov 07,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ခေါင်လန်ဖူးမြို့နယ်အတွင်းရှိ မဲရုံများတွင်၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု အန္တရာယ်မှ ကာကွယ်နိုင်ရေးအတွက် အသုံးပြုရန်ပစ္စည်းများအား သက်ဆိုင်ရာမဲရုံတာဝန်ရှိသူများထံသို့ ၂၀၂၀ ခုနှစ်၊ ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ခွဲဝေပေးအပ်ခဲ့သည်။
Nov 07,2020
မ​ကွေးတိုင်း​ဒေသကြီး၊ ​ပေါက်မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပ ပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲတွင် လွတ်လပ်စွာ မဲပေးနိုင်ရန် အတွက် ရပ်ကွက်နှင့်ကျေးရွာ အုပ်စုအသီးသီးရှိ တာဝန်ရှိသူများက သတ်မှတ်မဲရုံများ ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Nov 07,2020
၂၀၂၀ပြည်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပမည့်မဲရုံများကြိုတင်ပြင်ဆင်နေမှုကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲခန့်က မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက မဲရုံများသည်ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ မဲဆန္ဒရှင်ပြည်သူများ လုံခြုံစိတ်ချစွာ ဆန္ဒမဲများပေးနိုင်ရေးအတွက် အဆင့်သင့်ပြင်ဆင်ထားရှိမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
Nov 07,2020
မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၌ ကိုဗစ်-၁၉ ‌ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် အသွားအလာကန့်သတ်စောင့်ကြည့်ရေး ဝင်ရောက်နေသည့် မဲဆန္ဒရှင်ပြည်သူများက ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးခြင်းကို ယမန်နေ့ ညနေပိုင်းက ပေါက်မြို့ သာသနာ့ဗိမာန်တော် အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းတွင် ကိုဗစ်-၁၉ ‌ရောဂါကာကွယ်၊ ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Nov 07,2020
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်နေသော လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း)တွင် အိမ်​ထောင်စု (၂၂၂)စု၊ လူဦးရေ (၁၆၁၉)ဦးအတွက် အကျိုးပြုနိုင်မည့် ​သာယာကုန်းကျေးရွာအုပ်စု ​​​လက်ပံကုန်းကျေးရွာ ရွာတွင်းကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းကို ယမန်နေ့က စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 07,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်း GAP စနစ်ဖြင့် စိုက်ပျိုးသော မိုးနှမ်းစိုက်တောင်သူများအတွက် GAP အသိအမှတ်ပြု လက်မှတ်များပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး တောင်သူအသိ ပညာပေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Nov 07,2020
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ကာလတွင် Stay at Home ၃ မြို့နယ်ရှိ လူမှုဖူလုံရေး အဖွဲ့တွင် အကျုံးဝင်မှတ်ပုံတင်ထားသော အလုပ်ဌာန ၃၉ ဌာနရှိ အာမခံအလုပ်သမား ၄၆၂ဦးအတွက် လစာ၏၄ဝရာခိုင်နှုန်း ခွင့်ပြုငွေကျပ် ၃၆၄၃၀၄၀၀/-(သုံးရာခြောက်ဆယ့်လေးသိန်း သုံးသောင်း လေးရာကျပ်) ထုတ်ပေးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး လူမှုဖူလုံရေးရုံးမှ သိရသည်။