အမြို့မြို့အနယ်နယ်သတင်းများ

Nov 08,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ‌ အထွေထွေ ရွေးကောက်ပွဲအား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့ပေါ် ရပ်ကွက်(၄)ရပ်ကွက်တို့တွင် မဲဆန္ဒရှင် ပြည်သူများမှ ပျော်ရွှင်ချမ်းမြေ့စွာဖြင့် ယနေ့နံနက် ၆ နာရီချိန်မှ စတင်ပြီး ရပ်ကွက်လိုက် မဲရုံများသို့ မဲများစတင် ပေးလျက်ရှိကြောင်း သိရသည်။
Nov 08,2020
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်အတွင်းရှိ ရပ်ကွက်(၂)ရပ်ကွက်၊ ကျေးရွာအုပ်စု(၈)အုပ်စုမှ မဲရုံ(၄၉)ရုံတွင် ပြည်သူများ ဆန္ဒမဲပေးနိုင်ရန် ယနေ့နံနက် ၆ နာရီက စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
Nov 08,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ကာလိမြို့ပေါ် (၆)ရပ်ကွက်မှ မဲရုံ(၆)ရုံနှင့် ကျေးရွာအုပ်စု(၅)အုပ်စုမှ မဲရုံပေါင်း(၁၅)ရုံကို ယနေ့နံနက် (၆)နာရီအချိန်မှစတင်၍ မဲရုံများတွင် စတင်ပေးလျက်ရှိသည်။
Nov 08,2020
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်နေ့ နံနက် ၆ နာရီအချိန်ကမှ စတင်၍ မဲဆန္ဒရှင်များက အေးချမ်းစွာ ဆန္ဒမဲများ ပေးလျက်ရှိကြောင်း သိရသည်။
Nov 08,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခတ်မြို့နယ်ရှိ မဲရုံများတွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ယနေ့နံနက် ၆နာရီမှစတင်ကာ မိမိမဲဆန္ဒနယ် မဲရုံများတွင် စတင်ပေးလျက်ရှိသည်။
Nov 08,2020
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ယနေ့နံနက် ၆ နာရီအချိန်က မြို့နယ်အတွင်း သက်ဆိုင်ရာမဲရုံများ၌ ကျင်းပကြသည်။
Nov 08,2020
၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ယနေ့နံနက်(၆)နာရီမှစတင်၍ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်၌ ပြည်သူများ ဆန္ဒမဲပေးရာတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုမရှိစေရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိရာ မဲဆန္ဒရှင် ပြည်သူများ အေးချမ်းလွတ်လပ်စွာ ဆန္ဒမဲပေးကြလျက်ရှိသည်။
Nov 08,2020
၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ယနေ့နံနက်(၆)နာရီစတင်၍ နေပြည်တော် ဒက္ခိဏခရိုင်၊ ပျဉ်းမနားမြို့နယ်တွင် ရပ်ကွက်(၇)ရပ်ကွက်၊ ကျေးရွာအုပ်စု(၂၉)အုပ်စု၊ ကျေးရွာ(၁၄၀)ရွာတွင် မဲရုံပေါင်း(၁၀၁)ရုံ၌ မဲဆန္ဒရှင်ပြည်သူများ အေးချမ်းလွတ်လပ်စွာ ဆန္ဒမဲပေးကြ လျက်ရှိသည်။