Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ပဲခူးမြို့နယ်အတွင်းရှိ ယာယီမဲရုံနှင့် တပ်မဲရုံများ ဆောက်လုပ်နေမှုအား ကွင်းဆင်း စစ်ဆေး
Nov 06,2020
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ အဖွဲ့ဝင် ပဲခူးတိုင်းဒေသကြီး နယ်မြေတာဝန်ခံ ဦးထွန်းခင်သည် ပဲခူးတိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ တာဝန်ရှိသူများနှင့်အတူ ၂၀၂၀ပြည့်နှစ် ယမန်နေ့ နံနက်ပိုင်းက ပဲခူးမြို့နယ်အတွင်းရှိ ယာယီမဲရုံဆောက် လုပ်ထားရှိမှုနှင့် တပ်မဲရုံများ ဆောက်လုပ်နေမှု အခြေအနေများအား ကြည့်ရှု့စစ်ဆေးခဲ့ပြီး လိုအပ်ချက်များ လမ်းညွှန်မှာကြား ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကော့မှူးမြို့နယ်ရှိ မဲရုံများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အစီအမံများ ဆောင်ရွက် ထားရှိမှု အခြေအနေများ ကွင်းဆင်းစစ်ဆေး
Nov 06,2020
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေး ကောက်ပွဲတွင် ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ်အတွင်းရှိ မဲရုံများတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အစီအမံ များ ဆောင်ရွက်ထားရှိမှု အခြေအနေများအား မြို့နယ်ကျန်းမာရေး ဌာနနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်း ၍ ယနေ့ နံနက်ပိုင်းက ကျေးရွာများအရောက် ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
သန်လျင်၌ ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်မည့်သူများနှင့် သက်ကြီးရွယ်အို ကျန်းမာရေး မကောင်းသူများ မသန်စွမ်း မဲဆန္ဒရှင်များအား ကြိုတင်ဆန္ဒမဲကောက်ယူ
Nov 06,2020
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအား နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်တော့မည်ဖြစ်ရာ ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်အတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ဆန္ဒမဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲ၌ တာဝန်ထမ်းဆောင်မည့် သူများ၊ သက်ကြီးရွယ်အိုများနှင့် မသန်စွမ်း ကျန်းမာရေးမကောင်းသူများအား အိမ်တိုင်ရာရောက် ကြိုတင်ဆန္ဒမဲကောက်ယူခြင်းကို ယမန်နေ့ နံနက် ၉ နာရီက အုတ်ဖိုစုရပ်ကွက်အတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပိုင်ကျုံမြို့ နောင်ဘိုကြီးကျေးရွာ၌ မျိုးကောင်းမျိုးသန့် ဆင်းသုခမိုးစပါးစံကွက်ရိတ်သိမ်း
Nov 06,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ ဆင်းသုခမျိုးကောင်း မျိုးသန့် မိုးစပါးစံကွက်ရိတ်သိမ်းခြင်းကို ယမန်နေ့က နောင်ဘိုကြီး ကျေးရွာရှိ တောင်သူဦးမြိုင်အေးတင်၏ လယ်မြေတွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ခရမ်းမြို့တွင် မဲပေးရမည့်နည်းလမ်းများ အသိပညာပေး လက်ကမ်းစာစောင်များ ပြည်သူများအား ဖြန့်ဝေ
Nov 06,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့တွင် မြို့နယ် အထွေထွေရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ မြို့နယ်အတွင်းနေ ဆန္ဒမဲ ပေးကြမည့် ပြည်သူများအဆင်ပြေ ချောမွေ့စေရေးအတွက် မဲပေးရာတွင် သိရှိလိုက်နာသင့်သည့် အချက်အလက်များ ပါရှိသည့် မဲပေးရမည့် နည်းလမ်းများပါရှိသည့် အသိပညာပေး လက်ကမ်းစာစောင်များကို ယနေ့နံနက် ၉ နာရီက ခရမ်းမြို့လူစည်ကားရာနေရာ ဖြစ်သည့် ခရမ်းမြို့မဈေးနှင့် စနေလမ်းစုံတွင်မြို့နယ် အထွေထွေရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ ဝန်ထမ်းများနှင့် မြိုနယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ဝင်များက စုပေါင်း၍ ပြည်သူအများအား ဖြန့်ဝေ ပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပုဇွန်တောင်မြို့နယ်တွင် အသက်(၆၀)နှစ်အထက် သက်ကြီးဘိုးဘွားများနှင့် နာမကျန်းသူများအား အိမ်တိုင်ရာရောက် ကြိုတင်ဆန္ဒမဲပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်
Nov 06,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင် မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ (၈)ရက်နေ့ တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် အသက် (၆၀) နှစ်အထက် သက်ကြီးရွယ်အိုများနှင့် နာမကျန်းဖြစ်နေသူများ အကြောင်းအမျိုးမျိုး ကြောင့် ရပ်ကွက်ကော်မရှင် အဖွဲ့ခွဲရုံးများသို့ ကြိုတင်ဆန္ဒမဲလာရောက်မပေးနိုင်သူများထံ သွားရောက်၍ ကြိုတင်ဆန္ဒမဲများ အိမ်တိုင် ရာရောက် ကောက်ခံခြင်းများကို ယမန်နေ့က ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေကျပ်(၇၆၃ဒသမ၆၀၆)သန်းဖြင့်ဆောင်ရွက်သည့် ဒေသဖွံ့ဖြိုးရေ…
Nov 06,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်အတွင်း၂၀၁၉ -၂၀၂၀ဘဏ္ဍာရေးနှစ် စစ်ကိုင်းတိုင်းဒေသကြီးနယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ(၇၆၃ဒသမ၆၀၆) သန်းဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ခွင့်ပြု ဆောင်ရွက်ခဲ့ရာ လုပ်ငန်းအားလုံးရာနှုန်းပြည့်ဆောင်ရွက် ပြီးစီး ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ ကာလအတွင်း စစ်မှုထမ်းဟောင်း မိသားစုဝင်များအား အခြေခံစားသောက်ကုန်(၄)မျိုး ထောက်ပံ့
Nov 06,2020
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ထီလုံကျေးရွာအုပ်စု စစ်မှုထမ်းဟောင်းကျေးရွာတွင် ကိုဗစ်-၁၉ ကာလအတွင်း စစ်မှုထမ်းဟောင်းမိသားစုဝင်များ စားဝတ်နေရေးအဆင်ပြေစေရန်အတွက် အခြေခံစားသောက်ကုန်(၄)မျိုး ထောက်ပံ့ ခြင်း ကို ယမန်နေ့က စစ်မှုထမ်းဟောင်းအိမ်ရာဓမ္မာရုံ၌ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28337
Page
28338
Page
28339
Page
28340
Current page
28341
Page
28342
Page
28343
Page
28344
Page
28345
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department