Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဝေါလေမြိုင်မြို့၌ မဲရုံကြီးကြပ်ကွပ်ကဲရေး ဆင့်ပွားသင်တန်းပို့ချ
Nov 06,2020
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဝေါလေမြိုင်မြို့ရှိ မဲရုံများတွင် တာဝန် ထမ်းဆောင်မည့်သူများအား မဲရုံကြီးကြပ်ကွပ်ကဲရေး ဆင့်ပွားသင်တန်းပို့ချခြင်းကို ယနေ့နံနက် ၉ နာရီက ဝေါလေမြိုင်မြို့မဲရုံများ၌ အသီးသီး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လက်ပံတန်းမြို့နယ်တွင် မဲရုံအဖွဲ့ဝင်များနှင့် မဲဆန္ဒရှင်ပြည်သူများအတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးသုံး ပစ္စည်းများ ရပ်ကွက်ကျေးရွာအရောက်ဖြန့်ဝေ
Nov 06,2020
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ မဲရုံများတွင် အသုံးပြုရန် ကိုဗစ်-၁၉ရောဂါ ကာကွယ် ၊ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီက ပေးပို့လှူဒါန်းသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများကို ယနေ့နံနက်ကစတင်၍ မြို့နယ်ကော်မရှင်အဖွဲ ့ခွဲရုံးမှရပ်ကွက်ကျေးရွာကော်မရှင်အဖွဲ့ခွဲများလက်ဝယ်အရောက် ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေတောင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်း…
Nov 06,2020
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် တာဝန်ခွဲဝေ သတ်မှတ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နေ့လယ်ပိုင်းက ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ရွှေတောင်မြို့နယ် သာသနာ့ဗိမာန်ဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ်တွင်(ADSP) အစီအစဉ်ဖြင့် မိုးစပါးမျိုးစေ့ထုတ်စံပြကွက် တောင်သူ ပညာပေးကွင်းသရုပ်ပြပွဲကျင်းပ
Nov 06,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင် ယင်းမာပင်မြို့နယ်တွင် လယ်ယာကဏ္ဍစိုက်ပျိုးမှု ဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြု စီမံကိန်း (ADSP) အစီအစဉ်ဖြင့် မိုးစပါးမျိုးစေ့ထုတ်စံပြကွက် တောင်သူ ပညာပေးကွင်းသရုပ်ပြပွဲကို အောက်တိုဘာ ၆ ရက်နေ့ နံနက် ၁၀ နာရီက ညောင်ပင်ကြီးစုကျေးရွာ တောင်သူ ဦးမျိုးကျော်ဦး၏ စိုက်ကွင်းတွင် ပြုလုပ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး ပြည်သူများအား နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေ
Nov 06,2020
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမြင့်သိန်းဦး ဦးဆောင်၍ ကြက်ခြေနီ တပ်ဖွဲ့ဝင်များက ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် နှာခေါင်းစည်း (Mask) များအား ယမန်နေ့ နံက်ပိုင်းက ပန်းတောင်း မြို့နယ်အတွင်းရှိ ပြည်သူများအား နှာခေါင်းစည်းများ လက်ဝယ် အရောက် အခမဲ့ဖြန့်ဝေ ပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကုန်တောင်ပိုင်းခရိုင် တံတားမြို့တွင် မဲလက်မှတ်များနှင့်ဆက်စပ်ပစ္စည်းများ ဒုတိယအကြိမ် ထုတ်ပေး
Nov 06,2020
ရန်ကုန်တောင်ပိုင်းခရိုင် တံတားမြို့တွင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုက ရေစီ ရွေးကောက်ပွဲအတွက် မဲဆန္ဒနယ်မြေအလိုက် ဆန္ဒမဲပေးနိုင်ရန် မဲလက်မှတ်များ၊ မဲပုံးများနှင့် ဆက်စပ် ပစ္စည်းများ ဒုတိယအကြိမ် ထုတ်ပေးခြင်းကို ယမန်နေ့ မွန်းတည့် ၁၂ နာရီက ကျောက်တန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်အဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တံတားဦးမြို့နယ်တွင် ဆန္ဒမဲလက်မှတ်များနှင့် မံရုံသုံးပစ္စည်းများကို ရပ်ကွက်/ကျေးရွာများ အရောက် ကွင်းဆင်းထုတ်ပေး
Nov 06,2020
၂၀၂၀-ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာများမှ မဲဆန္ဒရှင် ပြည်သူများ ဆန္ဒမဲပေးနိုင်ရေးကို ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဝင်များမှ ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲရုံးများသို့ ဆန္ဒမဲလက်မှတ်များနှင့် မဲရုံသုံးပစ္စည်းများ ကို ယနေ့နံနက် (၁၀) နာရီက ထုတ်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သိန္နီမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဖွဲ့၀င်များ၏ ၂၀၂၀ပြည့်နှစ်၊ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိန…
Nov 06,2020
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၌ ယနေ့ နံနက် ၉ နာရီအချိန်ခန့်က မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ၏ ၂၀၂၀ပြည့်နှစ်၊ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် လုပ်ငန်းညှိနှိုင်း အစည်း အဝေး ကျင်းပကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28333
Page
28334
Page
28335
Page
28336
Current page
28337
Page
28338
Page
28339
Page
28340
Page
28341
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department