အမြို့မြို့အနယ်နယ်သတင်းများ

Nov 06,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ယနေ့နံနက် (၁၁) နာရီအချိန်တွင် မဲဆန္ဒရှင်ပြည်သူများ နည်းလမ်းတကျ မဲပေးနိုင်ရေး အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ဝေသည့် “သတိရပါ၊ သင့်ရဲ့ဆန္ဒမဲကို လျှို့ဝှက် ထားပါ” အသိပညာပေး လက်ကမ်းစာစောင်အား ပြည်သူ့များ၏ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့သည်။
Nov 06,2020
ပဲခူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ပဲခူးမြို့ ဥဿာမြို့သစ်၊ (၇)ရပ်ကွက်ရှိ ငွေတောင်ကြီး ဘုန်းတော်ကြီးကျောင်းတွင် ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ပဲခူးမြို့နယ်အတွင်း ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ်အတွက် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း(VDP) ကျေးရွာများနှင့် မြစိမ်းရောင် စီမံကိန်း ကျေးရွာရွေးချယ်ခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။
Nov 06,2020
 ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကျေးရွာအုပ်စု အသီးသီးရှိ မဲရုံများပြင်ဆင်ထားရှိမှု အခြေအနေများအား ယနေ့နံနက်ပိုင်းက ကွင်းဆင်း​ကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သိရသည်။
Nov 06,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စု များတွင် အောက်တိုဘာ (၂၉) ရက်နေ့မှစ၍ (၂၀၂၀) ပြည့်နှစ်ပါတီစုံ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးခြင်း လုပ်ငန်းစတင်ဆောင်ရွက်ကြရာ ဘိုကလေးတစ်မြို့နယ်လုံးတွင် ကြိုတင် ဆန္ဒမဲပေးပြီး သူဦးရေပေါင်း (၂၁၃၈၀) ဦးပေးပြီးဖြစ်ကြောင်း သိရသည်။
Nov 06,2020
ပေါင်းတည်မြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိခဲ့သူ ကုက္ကိုလ်ပင်ကျေးရွာမှ လူနာ အမျိုးသား၁ဦး တိုင်းချစ်ရပ်ကွက်မှ လူနာအမျိုးသား၁ဦး နှင့် မီးရထားဝန်းမှ လူနာအမျိုးသမီး ၁ဦး နွားခြံကုန်းရွာမှ လူနာအမျိုးသမီး ၁ ဦးနှင့် သာလှပင်စည်ကျေးရွာ လူနာအမျိုးသမီး ၁ဦး စုစုပေါင်း ၅ဦးတို့သည် သတ်မှတ်ထားသော ဆေးရုံတက်ရက်ပြည့်ပြီး ကျန်းမာရေးကောင်းမွန်သဖြင့် ယမန်နေ့ နံနက်၁၂နာရီခွဲ အချိန်ခန့်က ဆေးရုံဆင်းခွင့် ရရှိသွားပြီ ဖြစ်ပါသည် ။
Nov 06,2020
အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း NEP Phase-1 ဖြင့် ဆောင်ရွက်ခဲ့သည့် မကွေး မြို့နယ်၊တည်ပင်ကန်ပေါက်ကျေးရွာ၊ ရွှေကျင်ကျေးရွာ၊ ပုထိုးစမ်းကျေးရွာ ကျေးရွာမီးလင်းရေး အောင်ပွဲ ကို နိုဝင်ဘာ ၅ ရက်နေ့ ညနေပိုင်းက အဆိုပါကျေးရွာများတွင် ကျင်းပပြုလုပ်ခဲ့သည်။
Nov 06,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ရွေးကောက်ပွဲနေ့တွင် မဲရုံးသို့လာရောက်ကြမည့် မဲဆန္ဒရှင်ပြည်သူများ လိုက်နာရမည့် စည်းကမ်းများကို ယနေ့မနက် (၉) နာရီ က မြို့တွင်းသို့ လှည့်လည်ကြေညာခဲ့ကြသည်။
Nov 06,2020
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်တွင် ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၌ အောက်တိုဘာလ ၂၉ ရက်နေ့မှ နိုဝင်ဘာလ ၅ ရက်နေ့အထိ ကြိုတင်ဆန္ဒမဲပေးသူ ခြောက်သောင်းကျော် ကြိုတင်ဆန္ဒမဲပေးခဲ့ကြောင်း မိတ္ထီလာခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲထံမှ သိရသည်။