အမြို့မြို့အနယ်နယ်သတင်းများ

Nov 06,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ကြိုတင် ဆန္ဒမဲများလာရောက်ပေးလျက်ရှိရာ ကြိုတင် ဆန္ဒမဲများလာရောက်ပေးပြီးသူပေါင်း (၃၂၁၀၉)ဦး ရှိပြီဖြစ်ကြောင်း မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
Nov 06,2020
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် အောက်တိုဘာလ (၂၉) ရက်နေ့တွင် ကြိုတင်ဆန္ဒမဲပေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက် ရှိရာ အသက်(၆၀)နှစ်အထက် ကျန်းမာရေး မကောင်း၍ ကြိုတင်ဆန္ဒမဲပေးရန် မလာရောက်နိုင်သော မဲဆန္ဒရှင်ပြည်သူများအနေဖြင့် အိမ်တိုင်ရာရောက် ကြိုတင်ဆန္ဒမဲ ပေးနိုင်ရေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက လှိုင်းဘွဲမြို့(ခ)ရပ်ကွက်၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Nov 06,2020
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ ယမန်နေ့ မွန်းလွဲပိုင်း အချိန်က ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုရန် အတွက် မဲဆန္ဒရှင် လက်မှတ်များနှင့် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေး လုပ်ငန်းတွင် အသုံးပြုရန် အတွက် ရပ်ကွက်/ကျေးရွာ အုပ်စုများရှိ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများထံသို့ ထုတ်ပေးနေကြောင်း သိရှိရသည်။
Nov 06,2020
ကယားပြည်နယ် ဘောလခဲခရိုင်၊ ရွာသစ်မြို့တွင် ၂၀၂၀ပြည်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲအတွက် ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများသို့ ကြိုတင် ဆန္ဒမဲ လာရောက်မပေးနိုင်သော အသက်(၆၀)နှစ်အထက် သက်ကြီးဘိုးဘွားများနှင့် နာမကျန်းသူ များအား ယနေ့နံနက်ပိုင်းက အိမ်တိုင်ရာရောက် ကြိုတင်ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Nov 06,2020
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် တစ်နိုင်ငံလုံးတွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ကျင်းပတော့မည်ဖြစ်သည်။
Nov 06,2020
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးကြမည့် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများရှိ မဲရုံများအား မီးဘေး အန္တရာယ် လုံခြုံရေးအတွက် ကျောက်တန်းမြို့နယ် မီးသတ်ဦးစီးဌာန မီးသတ်တပ်ဖွဲ့ ဝင်များက ယနေ့ နံနက် ၈ နာရီ က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Nov 06,2020
၁၈၈၅ ခုနှစ် သီပေါမင်း ပါတော်မူပြီးချိန်ကာလ နယ်ချဲ့အင်္ဂလိပ်နယ်တို့ကို ၇ နှစ်တိုင်တိုင် ရွှတ်ရွှတ် ချွှန်ချွှန်တွန်းလှန်တိုက်ခိုက်ခဲ့သည့် ဝန်းသိုစော်ဘွားကြီး ဦးအောင်မြတ်အား ဂုဏ်ပြုသောအားဖြင့် စစ်ကိုင်း တိုင်းဒေသကြီး ဝန်းသိုမြို့နယ် ဝန်းသို- ကျောက်တန်း မြို့ထွက်လမ်းဘေးတွင် စော်ဘွားကြီး ဦးအောင်မြတ် ရုပ်ထုသစ်ကို ၂၀၂၀ပြည့်နှစ် ဩဂုတ်လနောက်ဆုံးပတ်မှာ တည်ထား ပြီးစီးခဲ့ပြီး လက်ရှိ အချိန်တွင် ရပ်ဝေး ရပ်နီးမှပြည်သူများ အပန်းဖြေလေ့လာ ဂုဏ်ပြုနိုင်ကြစေရန် ရုပ်ထုရင်ပြင်တော်နှင့် ပန်းခြံများကို ဆက်လက် ပြုလုပ်လျက်ရှိကြောင်း သိရသည်။
Nov 06,2020
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လှိုင်းဘွဲမြို့နယ်အတွင်းရှိ မဲဆန္ဒရှင် ပြည်သူများ ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးကြစေရန်၊ဘေးကင်းလုံခြုံစွာ ဆန္ဒမဲပေးနိုင်ရန်နှင့် ဆန္ဒမဲပေးရန်တွင် သတိပြုလိုက်နာရမည့် အချက်များအား သိရှိနိုင်စေရန် ရည်ရွယ်၍ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး ပိုစတာများကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရုံးရှေ့မြေစိုက်နံရံကပ်ဘုတ်၌ ပြသဆောင်ရွက်ထား ရှိကြောင်း သိရသည်။