Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကျောက်မဲမြို့၏ ၆ ဦးမြောက် ကိုဗစ်ပိုးတွေ့ လူနာဆေးရုံမှ ဆင်းခွင့်ရရှိပြီဖြစ်
Nov 06,2020
ကျောက်မဲခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူခဲ့သည့် အသက် (၂၅)အရွယ် ကိုဗစ်ပိုးတွေ့ လူနာ(Case 49619)သည် သတ်မှတ်ရက်အတွင်း ရောဂါခံစားရခြင်းမရှိပဲ သက်သာပျောက်ကင်းပြီဖြစ်သောကြောင့် ယနေ့နံနက် ၁၁ နာရီအချိန်က ဆေးရုံမှ ဆင်းခွင့်ရရှိခဲ့ပြီ ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့နယ်တွင် ကန့်သတ်စောင့်ကြည့်သူ ၂၂ ဦးတို့အား ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ Test Kit ဖြင့် Swab နမူနာစစ်ဆေး
Nov 06,2020
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလ အတွင်း အ-ထ-က(၂)ကျောင်း၌ ဖွင့်လှစ်ထားသော Community Base Facility Quaratine တွင် ဝင်ရောက်နေသည့် Positive လူနာအနီးကပ်ထိတွေ့သူများနှင့် အနံ့မရရှိသူ( ၂၂)ဦးတို့အား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ Test Kit ဖြင့် Swab နမူနာစစ်ဆေးပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီခွဲက မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီး ဌာနမှ ဆောင်ရွက်ပေးကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကြည့်မြင်တိုင်မြို့နယ်အတွင်း ရပ်ကွက်များရှိ မဲရုံများပြင်ဆင်ထားရှိမှု အခြေအနေအား ကွင်းဆင်း စစ်ဆေး
Nov 06,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်အတွင်းရှိ မဲရုံတို့တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ
အပြည့်အစုံ ဖတ်ရန်
မိုင်းပန်မြို့တွင် မဲဆန္ဒရှင်သက်သေခံလက်မှတ်နှင့် နှာခေါင်းစည်း KN 95 (Mask) များ ဖြန့်ဝေ
Nov 06,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံသို့ လာရောက်၍ ဆန္ဒမဲပေးမည့် မဲဆန္ဒရှင်များအား အဆင်ပြေချောမွေ့စွာ မဲပေးနိုင်ရေး မဲဆန္ဒရှင်သက်သေခံ လက်မှတ်နှင့် နှာခေါင်းစည်း KN 95(Mask) များအား ယနေ့ နံနက် ပိုင်းကစ၍ မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်များ၏ လက်ဝယ်အရောက် မြေပြင်ကွင်းဆင်းပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် အလှူငွေများလာရောက်လှူဒါန်း
Nov 06,2020
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင်အသုံးပြုနိုင်ရန်အတွက် အလှူငွေပေးအပ် လှူဒါန်းခြင်းကို ယနေ့နံနက် (၁၀)နာရီတွင် နေပြည်တော်ကောင်စီရုံးဧည့်ခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီ ခေတ္တဥက္ကဋ္ဌ နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်း၊ နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဦးတင်ထွန်း၊ ဦးအေးမောင်စိန်၊ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုး နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပလောက်မြို့အတွင်းရှိ မဲရုံများကို ကြည့်ရှုစစ်ဆေး
Nov 06,2020
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထေွထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ယနေ့ နံနက် (၉) နာရီခွဲအချိန်ခန့်က မြို့ပေါ်ရပ်ကွက်များရှိမဲရုံများကို စစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အောင်မြေသာစံမြို့နယ်တွင် ယာယီမဲရုံတည်ဆောက်နေမှုများအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု
Nov 06,2020
မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ၈ရက်နေ့၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ယာယီမဲရုံတည်ဆောက်နေမှုများအား တာဝန်ရှိသူ များက ယမန်နေ့ နံနက်၁၁နာရီခွဲကမြို့နယ်အတွင်း ကွင်းဆင်းကြည့်ရှုခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့တွင် ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများမှ ကြိုတင် ဆန္ဒမဲပေးခြင်း ဆောင်ရွက်
Nov 06,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့တွင် (၂၀၂၀)ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက် နေ့၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများမှ ကြိုတင် ဆန္ဒမဲပေးခြင်းကို နိုဝင်ဘာလ(၁)ရက်နေ့မှစတင်၍ သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ တွင် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က မန့်ဟီးရိုးမြို့၊ အမှတ်(၂)ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံး၌ ကြိုတင် ဆန္ဒမဲများလာရောက်ပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28339
Page
28340
Page
28341
Page
28342
Current page
28343
Page
28344
Page
28345
Page
28346
Page
28347
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department