အမြို့မြို့အနယ်နယ်သတင်းများ

Nov 06,2020
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၁၀)ခုနှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့တွင် ကျေးလက် ကုန်ထုတ်လမ်းများ ဖောက်လုပ်ရေးအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေမှ ငွေကျပ် (၂၂၇၀.၁၁)သန်းအား သုံးစွဲသွားမည်ဖြစ်ကြောင်း စစ်ကိုင်း တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းကျော်မျိုး ထံမှ သိရသည်။
Nov 06,2020
ကိုဗစ်-၁၉ ကာလအတွင်း ပြည်သူများ စာသောက်ကုန်များ စျေးနှုန်းချိုသာစွာနှင့် လွယ်ကူစွာ ဝယ်ယူနိုင်ရေးတို့အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြန်မာနိုင်ငံကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ မြို့နယ်ရှိ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ မရမ်းကုန်းမြို့နယ် အတွင်းစျေးကားဖြင့် သား၊ ငါး၊ စားသောက်ကုန်များ ရောင်းချခြင်း (Mobile Market) အား ယမန်နေ့ နံနက်ပိုင်းက အမှတ်(၁) ရပ်ကွက်ရှိ ဇေယျာမွန်အိမ်ယာ၊ ရွှေထီးအိမ်ယာ တို့၌ လှည့်လည်ရောင်းချ ဆောင်ရွက်ခဲ့သည်။
Nov 06,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် မဲရုံ တာ၀န်ထမ်းဆောင်ကြမည့် ၀န်ထမ်းများကို ယနေ့နံနက်ပိုင်းက မြောက်ပိုင်း ရပ်ကွက် စတုမာလာဓမ္မာရုံ၌ ဆင့်ပွား သင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
Nov 06,2020
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ ကိုဗစ်-၁၉ရောဂါ ထိန်းချူပ်ရေး ကာလအတွင်း မဲပေးရာတွင် အဆင်ပြေစေရေးအတွက် အသုံးပြုမည့် မဲရုံနေရာ ကြိုတင်ပြင်ဆင်ခြင်းနှင့် ဆေးဖျန်းခြင်းကို ရန်ကုန် တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်အတွင်း ရပ်ကွက်(၅)ရပ်ကွက်အလိုက် ကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူတို့က ယမန်နေ့ နံနက်ပိုင်းက စတင်ဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။
Nov 06,2020
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ပလောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများအား နှာခေါင်းစည်းများကို ယနေ့နံနက်ပိုင်းက အခမဲ့ ပေးဝေလှူဒါန်းခဲ့ကြောင်း သိရသည်။
Nov 06,2020
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရပ်ကွက်ကျေးရွာရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များသို့ မဲရုံသုံး ပစ္စည်းများ ထုတ်ပေးခြင်းကို နိုဝင်ဘာလ(၅)ရက် နေ့၊ နံနက် ၁၀ နာရီ အချိန်က စတင်ပြီး မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးတွင် စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
Nov 06,2020
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့နယ်အတွင်း ပြည်သူများ ဈေးနှုန်းချိုသာစွာဖြင့် သန့်ရှင်းလတ်ဆက်သော သား ၊ ငါး ၊ စားသောက်ကုန်နှင့် ဟင်းသီးဟင်းရွက်များကို မင်္ဂလာဒုံမြို့နယ် စည်ပင်သာယာရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ညီနောင် လုပ်ငန်းရှင်အသင်းများမှ မော်တော်ယာဉ်များဖြင့် ယနေ့နံနက်ပိုင်းက မင်္ဂလာဒုံမြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ လာရောက်ရောင်းချကြောင်း သိရသည်။
Nov 06,2020
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ၈ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေ​ထွေရွေးကောက်ပွဲတွင် မဲဆန္ဒနယ်နှစ်ခုမှ ကြိုတင်ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများအား အောက်တိုဘာ ၂၉ ရက်နေ့မှ နိုဝင်ဘာ ၇ ရက်နေ့အထိ ရပ်ကွက်နှင့်ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ကြီးကြပ်၍ မဲရုံများတွင် ကြိုတင်ဆန္ဒမဲများပေးလျက်ရှိကြောင်း သိရသည်။